ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

"' အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ '''''''''' သဘင်

Tuesday, October 19, 2010
"'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ''''''''''  သဘင်

ခေတ္တရာမြေ... ချစ်သဟာဆွေ.... အပေါင်းကိုလ...
လှစ်ခါချွေ.... ဆုမွန်တောင်းပါလို့... ကြံတိုင်းရယ်အောင်.
ကြံတိုင်းရယ်အောင်........
တက်နေပမာ... ကျက်သရေ အခက်ဝေဖြာပါလို့
ဥစ္စာဓန ပေါကြွယ်ဝ.... လိုတိုင်းတ ရစေမှာ.....
လိုတိုင်းတ ရစေမှာ....ဟာာ
ဘေးဘရာတွေ ဝေးကွာရှင်းလို့ရယ်.......
ကင်း......ကင်းကြစေကြောင်း.....ကြောင်း... ကြောင်း။

မင်္ဂလာရှိတဲ့ ခွန်းတောက်ကို အရွန်းမဖောက်ဘဲ ဆိုသွားတာက......... ကိုစုတ်ချွန်းလားဗျာ...။
ဟုတ်ပါ့ ဖိုးရှုပ် ရေ ။
ကဲ ကျနော်တို့တတွေ  ကိုယ့်ကို ကိုယ် မိတ်ဆက်ရအောင်လားဗျာ....။
ကဲ ကျနော်က စမိတ်ဆက်မယ်....။

သားနာမည်က မောင်စုတ်ချွန်း... မောင်စုတ်ချွန်းက သားနာမည်....
ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်..... ဖေ့ဘွတ်ထဲက ပျိုမေများ....
မောင်စုတ်ချွန်းကို ကြွေတယ်ဗျား.........။

သားသားနာမည် ဖိုးရှုပ်ပါ .... တနေကုန်ရှုပ်တယ် အွန်လိုင်းမှာ ....
ချက်တင်ထိုင်ရင် မထတမ်း .... တွေ့သမျှ အကုန် သရမ်း....။

ကျနော့်နာမည် ချက်စူပါ .... အိုဗာစီးဆို အကုန်ကြူဗျာ....
ဗွီစက်အို ရှေ့ တကုတ်ကုတ် .... အမြဲကို စတိုင်ထုတ် ...။

ကျနော့်နာမည် ဒေးစစ် ပါ ....  ခေတ္တရာမှာ နေပါတယ် .....
ရှောက်ကာမမေးနဲ့ဖောက်သည်ဈေး ... ကြုံတုန်းဝယ်ထား ဈေးမများ...........
ဟုတ်လိုက်လေ ဟုတ်လိုက် .. ဟုတ်လိုက် လေ........။

အခု ကျနော်တို့ ကပြ အသုံးတော်ခံတဲ့ ပွဲလေးက ဘာပါလိမ့်ဗျာ...။ ဘာအမှတ်တရပွဲပါလိမ့်ဗျာ.....။
ဟုတ်ကဲ့ ကျနော်တို့ ကပြ အသုံးတော်ခံတဲ့ ပွဲက "'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ''''''''''  သဘင်ပါဗျာ.....။
သီတင်းကျွတ် လ အမှတ်တရ ကပြ ကြတဲ့ ပွဲပါခင်ဗျ.....။
ဒီတော့ အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ဆိုတဲ့ အငြိမ့်ခန်း ဆိုတာ ဖွင့်............................။

ညိုပြာပြာ လတာပြင်ခြေရင်း၊ ******* လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း၊************
ညိုပြာပြာ လတာပြင်ခြေရင်း၊ ******* လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း၊************
အဆင်းကလည်း မသက်သာ၊******** အုန်းလက်ကြွေ ရေပေါလော မျော စုံလို့လာ၊**********
အဆင်းနှင့်အလာ ဗေဒါမ အထွေး၊******  အုန်းလက်ကြွေ သူ့နံဘေး စောင့်ခဲ့ရသေး၊**********
ဆောင့်ခဲ့လည်း မသက်သာ၊ ********* နောက်တချီ ဒီတလုံးက ဖုံးလိုက်ပြန်ပါ၊***********
မြှပ်လေပေါ့ ပေါ်မလာ၊********  မဗေဒါ အလှ တလံကွာ လှိုင်း အကြွ ပေါ်လိုက်ပြန်ရ။********
ပေါ်ပြန်လည်း မသက်သာ၊******** ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ********
ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်တည်း******
အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ။*******

ဟေး ဟေး ဟေး..........။
ဘာတွေ ဟေး နေကြတာလဲ ....။ မသိဘူးလေ တယောက် က စ ဟေး လိုက်တော့ အကုန်လိုက် ဟေး တာပေါ့....။
တော် ပီ တော်ပီ မဟေး ကြနဲ့တော့...။ ဒီတခါ ကျနော်တို့ လူရွှင်တော် တွေက ခေတ်အကြောင်းနည်းနည်း ပြောကြည့်ရအောင်....။
မဟုတ်ရင် ကျနော်တို့ လူရွှင်တော်တွေက အလကားပါကွာ.... ဇာတ်စင်ပေါ်သာ တက်နေတယ် ဘာမှလည်း မသိကြဘူး ပြောနေဦးမယ်..။
ဟုတ်တယ် ဟုတ်တယ် ကျနော်လည်း ခေတ်အကြောင်းတွေ ပြောချင်တယ် ကိုစုတ်ချွန်း....။
ကဲ ဒါဆို ပြောကြရအောင်ဗျာ....။

ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
လမ်းမ မရှောင် ဘာမှမရှောင် လိုက်လို့ကြောင်တဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...။

ဟော လာပီ နောက်တခေတ်...။
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
လူကြီးနှင့်အပျိုစင် တွဲလျှက်ယှဉ်...... ပွဲသဘင်ကတဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
တစ်ဦးဥစ္စာ ပြည့်စုံလာ မနာလိုတဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ပေါင်းဖော်သားခြင်းမေတ္တာကင်း အတင်းပြောတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
အရွယ်မရောက်အပျိုပေါက် လင့်နောက်လိုက်တဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်...
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ရှေ့ကွဲနောက်ကွဲ ၀တ်ဆင်ရဲ အသည်းယားစရာကောင်းတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ကျောင်းသူကျောင်းသား စာသင်သွား ရည်စားထားတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...
ခေတ် အကြောင်းကုန်စင် ပြောပြန်ရင် ဒေါသ ဖြစ်စရာ တွေ့လိမ့်မယ်....
ဘာမှ မပြောဘဲ အသာငြိမ်ကုတ် တရားအားထုတ်ကာမှ ကောင်းတော့မယ်....
သာဓု သာဓု သာဓု....။

ကဲ ကိုဖိုးရှုပ် ..... ရေ ကျနော်တို့ ညီအကိုတတွေ ခေတ် နဲ့ ပတ်သက်လို့  အန်ဖော်မေးရှင်း သဘောလေးတွေကို
နောက်လာနောက်သားလေးတွေ အသိတိုးနိုင်အောင် ဟာသလေးတွေ နှောပြီး ပြောပြလို့တော့ ပြီးပါပီ....
ကဲ မင်းသမီးလေး အဆင်း ရူပါ ကို ခံစား ပြီးကြပါပြီ... ပီယ၀ါစာ... ချစ်ခင်ဖွယ် စကားလေးတွေကို ဘယ်လို ပြောမလဲ ဆိုတာ ပရိတ်သတ်ကြီးက မျှော်လင့်နေကြပါပြီလို့....။
ဟုတ်ပါ့ဗျာ ဒါနဲ့ ခုန က အသုံးတော်ခံသွားတဲ့ ညီမငယ် မင်းသမီးလေးက ဘယ်သူပါလိမ့်ဗျာ.....
သြော် မင်းသမီးလေးကတော့ ''''''''' ခေတ္တရာ အလှ နန်းကလျာမြ ''''''ဆိုတဲ့ညီမငယ်လေးပါပဲဗျာ.........
ကဲ ကဲ ကဲ .............ခေတ္တရာအလှ နန်းကလျာမြ ဆို တဲ့ ညီမငယ် ဆို တာ သူပါပဲဗျာ.........
လူတကာရင်မှာ အစဉ်ကာ စွဲအောင်.........  ခြေတလှမ်း ကုဋေ တသန်း နဲ့ကြွ.............။

ဇာတ်စင်ရဲ့ ဘယ်ဘက်အခြမ်းမှ ပန်းနုရောင် ဝတ်စုံဖြင့် မင်းသမီး ထွက်ပေါ်လာသည်။
ထို့နောက် ပရိတ်သတ်ကြီးကို လက်အုပ်ချီ၍ ဂါရဝပြု နှုတ်ဆက် လိုက်ပြီးနောက် လူရွှင်တော်များ ဘက်လှည့်ကာ "မင်္ဂလာည ချမ်းပါ အကိုတို့ရေ" ဟု အပြုံးလေး ဖြင့် နှုတ်ဆက်လိုက်သည်။

အကိုတို့ရေ ဒီလ က ဘာလ လဲ သိလား....။
သိတာပေါ့ ဒီလ က သီတင်းကျွတ်လေ....။
ဟုတ်ကဲ့ ရှင်....။ သီတင်းကျွတ် ဆိုတော့ ရာသီကလည်း တူရာသီ...မဟုတ်ပါလား ရှင်....။
အဲဒီတော့ တူ ရာသီ လသီတင်းမှာ ကျမတို့ ညီအကို မောင်နှမ သားချင်းတွေမာ
ချစ်ချစ်ခင်ခင် နဲ့ ကပြ ကြပါစို့လား ရှင်....။
ယနေ့ ကြွလာ သော ပရိသတ်ကြီးလည်း ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း နဲ့ ပြည့်စုံနိုင်ကြပြီး. မိုးဆမ်း ပန်းပမာ ထာဝရလန်းဆန်း နိုင်ကြပါစေလို့
သမီးက ဒီဇာတ်ခုံပေါ်ကနေ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်.....။

ဟောဗျာ ကြည့်စမ်းပါဦး... ဘယ်လောက် လိမ္မာပြီး ချစ်စရာကောင်းသလဲနော်.....။
ကိုဖိုးရှုပ်ရေ... ဗျာဗျ.... နန်းကလျာ မြ လို အမျိုးသမီးလေး မလို ချင်ဘူးလား.....။
လိုချင်တာပေါ့ဗျာ.....။ ဒါဆို ခင်ဗျား ကောင်မလေး ကျနော့်ပေး....။
ဟင် ဘာဆိုင်လို့လည်း....။ ဆိုင်တာပေါ့ ကျနော်က နန်းကလျာမြလေး second ဖြစ်သွားမှာကို စိုးရိမ်လို့ပါ.....။
သူ့ဘာသာ သူ second ဖြစ်သွားတာ နင်နဲ့ ဘာဆိုင်တုန်း....။ သူကြည်ဖြူဖို့သာ အဓိက... သူကြည်ဖြူဖို့သာ အဓိက....။

- ဟိုဘက်က ကိုစုတ်ချွန်း လား ရှင်
- စကဒ်အတိုဝတ် ရမ္မက်ကိုမပင့်ရ ရို့ရို့.....။  အရက်ကိုချင့် ခွက်ပိုမဆင့်ရ ရို့ရို့....။
စကဒ်အတိုဝတ် ရမ္မက်ကိုပင့် တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.....။
စကဒ်အတိုနှင့် ရမ္မက်ကိုပင့်က အခက်ပိုတာပေါ့ ဒါလေးတောင် မသိကြဘူးလား ကဲဟယ် ကဲဟယ်....ကဲ....။
အရက်ကိုချင့် ခွက်ပိုဆင့်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ........။
အရက်ကိုမချင့် ခွက်ပိုဆင့်က အသက်တိုတာပေါ့.......။ ဒီတော့ကာ.....
ရမ္မက်ကိုပင့် မည့် စကဒ်အတို ၀တ်သူများကိုလည်း မကြည့်နှင့်....။
ခွက်ပိုဆင့် အရက်ကိုမချင့် သူများနှင့်လည်း မသိချင်နှင့်.....။
ညီမရေ ညီမရေ မင်္ဂလာပါဗျာ....။

- ဟိုတယောက်က ကိုဒေးစစ် မဟုတ်လားရှင့် ။
- ဟုတ်ရှိကြောင်းဗျ။

- ဟောဟိုက ကိုဖိုးရှုပ် လား ရှင်။
- ငါလည်း ကိုစုတ်ချွန်းလို လုပ်ဦးမယ်....။
ကြော်ငြာကိုလည်း မကြိုက်နှင့် ရို့ ရို့.......... ပျော်စရာကိုလည်း မလိုက်နှင့် ရို့ရို့.........။
ကြော်ငြာကိုလည်း ကြိုက်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ......။
ကြော်ငြာကိုကြိုက်က အလှည့်စားခံရတာပေါ့ ဒါလေးတောင် မသိကြဘူးလား...... ကဲဟယ် ကဲဟယ် ကဲ......။
ပျော်စရာကိုလိုက် တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.......။
ပျော်စရာကိုလိုက်က တကယ်အမှားခံရ တာပေါ့.......။
ကဲ ညီမရေ မင်္ဂလာ ရှိသော အချိန်လေးပါ.....။

-အဲ မေ့နေလိုက်တာ ဟိုဘက်ထောင့်က ကိုချက်စူ ကြီးပါလား။ ကိုချက်စူ ရေ မင်္ဂလာပါရှင်။
- ဟေ ဟေ မင်းသမီးက ငါ့ကိုခေါ်ပြီ....။ ဘယ်ရမလဲ ငါလည်း မင်းတို့ ပြောမှာပေါ့....။
ကညာကို အပျော်ဟန် မမှတ်ရ ရို့ရို့......၊ အနာကို အညှော်ခံ မကပ်ရ ရို့ရို့......၊ ကဗျာကို အပေါ်ယံ မဖတ်ရ ရို့ရို့.......။
ကညာကို အပျော်ဟန် မှတ်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.......။
ကညာကို အပျော်ဟန်မှတ်က ထောင်အရပ်ဆီ သွားရမှာပေါ့ ဒါလေးတောင် မသိကြဘူးလား ...... ကဲဟယ် ကဲဟယ် ကဲ......။
အနာကို အညှော်ခံ ကပ်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ......။
အနာကို အညှော်ခံကပ်က ယောင်တတ်တာပေါ့......။
နေပါဦး..... ကဗျာကို အပေါ်ယံ ဖတ်တော့ရော......
ကဗျာကို အပေါ်ယံဖတ်က မောင်ခက်ပြီ တာပေါ့ အဟိ အဟိ အဟိ......။
ကဲဟယ် ကဲဟယ် ကဲ....
နေကြပါဦး..... ဘာဖြစ်လို့ ရိုက်ကြတာတုန်း ဟ......။
အမြင်ကတ်လို့ ရိုက်တာ ရိုက်တာ.....။
ကိုချက်စူရေ မင်္ဂလာပါရှင်.....။
မင်္ဂလာပါ ညီမရေ....။ ဒါနဲ့ ညီမက ပရိတ်သတ်ကြီးကို အရင်ဆုံး ဘာသီချင်းလေးနဲ့ ကပြမှာလဲ ဆိုတာ သိပါရစေဗျာ။
-ညီမ ဖျော်ဖြေမယ့် သီချင်းလေးက ချက်တက်သံ ပါတဲ့ရှင်။
- ကဲ ကြားပါရစေလား ညီမရေ။

ချက်တက်သံ ချက်တက်သံ မလေး ချက်တက်သံ
ချက်တက်သံ တနိုင်ငံခြားက ကြားပါစ ကြားပါစ ပျို့ချစ်သူရှင့်
vzo ကို ဖွင့်ပါလို့ အာဘွားပေးမယ်ရှင် ပေးမယ်ရှင်...
ငယ်သူရွယ်တူ မလွတ်တမ်း ဖမ်းနိုင်မှ ရှင်  ဖမ်းနိုင်မှသရှင်.............။

လူရွှင်တော် တွေ စုံတုန်း ..... မြန်မာစာ ဘယ်လောက် အရေးကြီးတယ် ဆိုတဲ့ အကြောင်း ပြောရဦးမယ်.....
ပြောပါဦးဗျာ... အယ် နောက်နေတာ မဟုတ်ဘူး တကယ် အရေးကြီးတာ...မြန်မာစာဟာ ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ အရမ်းအရေးကြီးတာ...
နည်းနည်းလေး စာမှားဖတ်လိုက်တာနဲ့ ဆိုလိုရင်း အဓိပ္ပါယ် သဘောတွေ ကွဲလွဲ သွားတယ်ဗျ...
ဟုတ်ကဲ့ အမိန့်ရှိပါဦး... ကိုဖိုးရှုပ် ရဲ့
ဒီလိုဗျ ကျနော့်ဦးလေး ဘကြီး ဦးပြူး ဆိုတာ ရှိတယ်ဗျ...
တနေ့ တော့ ကျနော်က ကျနော့်ဘကြီး အိမ်အလည်သွားတယ်ပေါ့ဗျာ....
အိမ်က အမေ က လိပ်စာ ရေးပေးလိုက်တယ်ပေါ့တယ်ဗျာ.... ဦးကြီးပြူးနေတာ အပေါ်ထပ်... ဆိုပီး မသိမှာဆိုးလို့ကို သေချာရေးပေးလိုက်တာလေ...
အဲဒီက ကျနော်က ဘယ်လို ဖတ်သလဲ သိလား... ''' ဥကြီးပြူးနေတာ အာပေါဓာတ်...'''........
အဲဒီလိုလဲ ဖတ်ရော ကျနော့်အမေ ရဲ့ ခေါက်ခနဲမည်တဲ့ လက်သံဟာ ကျနော်ခေါင်းပေါ် ရောက်လာပါရောဗျာ.....ဟားဟားဟား...။

မြန်မာစာ ဆိုလို့ ကိုချက်စူ ရဲ့ ဖတ်ပုံလေးကို သွားသတိရတယ်....။
ကိုစုတ်ချွန်း  ရေ လူကြားထဲမှာ အဲဒီလို မြှောက်မပြောရဘူးလေ...။
ဒီလိုဗျ ကျနော်တို့ ကျနော်တို့ ငယ်ငယ်က သတင်းစာ အတူတူ ဖတ်ကြတာပေါ့ဗျာ...။ အဲဒီမှာ သတင်းစာ ခေါင်းကြီးပိုင်းမှာ ဘာရေးထားလဲ ဆိုတော့ ....
ဟစ်တာလာက တော်လှန်ပြီဟု ဆို..... မြင့်အောင်ကြည်....
အဲဒါကို ကိုချက်စူ  က ဘယ်လို ဖတ်တယ် ထင်သလဲ....
ဘယ်လို ဖတ်သလဲ...
ဟစ်တလာ ကတော် လှန်ပြီဟု ဆို.... မြင်အောင်ကြည့်တဲ့ .... ဟား ဟား ဟား......။

ကိုစုတ်ချွန်းရေ........ ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ရမယ် ဆိုတဲ့ဆိုရိုးစကားလည်း မရှိပေဘူးလားဗျ...။
အဲဒီတော့ ကျနော်တို့အဖွဲ့ တွေ ကတဲ့ ပွဲ သာပြီးသွားတယ် မှတ်သားစရာ တခုမှလည်း မကျန်ပါလားလို့
ပြောစရာလည်း ဖြစ်မှာစိုးရတယ်လေ...။
ဒီတော့ ကျနော်တို့ ပြောခဲ့ချင်တာက....။
ဓမ္မရုံ ကို အမှိုက်မထားနဲ့ ကာမဂုဏ် ကိုလည်း မလိုက်စားနဲ့
ဓမ္မာရုံ အမှိုက်ထားတော့ မီးလောင်တက်တယ်
ကာမဂုဏ် လိုက်စားတော့.....
ဘာဖြစ်လဲ ဘာဖြစ်လဲ
သူလည်း မီးလောင်တတ်တာပါပဲ.....။
ကောင်းရော ငါတို့က အကောင်းမှတ်လို့ နားထောင်နေတာ....။ မင်းကြီးတော်.... အဲလို မျိုး မီးလောင်လို့
ကတော့ မီးသတ်ပိုက် နဲ့ ကော့ ပန်းမှာဗျ....။
အမလေး လေး... လန့်စရာကြီးပါလား...။

အကိုတို့ရေ ဒီတခါ နောက်ဆုံး တပုဒ် အနေနဲ့  ညီမချစ်သူကို  ညီမအတွက် ခွါညို ပန်းလေးကို တယုတယ နဲ့ ခူးခဲ့ပါ ပန်ချင်ပါတယ်
ဆိုတဲ့ အကြောင်းကို ပြောပြတဲ့ သီချင်းနဲ့ ဒီလို ဖျော် ဖြေပြပါရစေ ရှင်.....။
ကြားပါရစေ နှမရေ....။

ကြူကြူမွှေးတဲ့ ခွါညိုပါ... လေယူရာတိမ်း ယိမ်းနွဲ့ရှာ.....
ချစ်သူကိုကို ခူးခဲ့ပါ ...... ပျိုပျို ပန်ချင်တာ.........
ပင်လုံးညွတ်တော့... ဖူးတံညှာ လေသွေးတဲ့ အခါ ရနံ့ဝေ ဆာ...
ခွါ ခွါ ညို ပန်းမှာ စိမ်းလဲ့ ညိုပြာပြာ.......
မွှေးလွန်းလှတဲ့ ရာသီပန်းမှာ ... ကညာမဒီ မြန်းဆင်ချင်တာ.....
လေယူရာသွေး ကြူကြူ မွှေးတာ မြတ်ပန်းခွါညိုပါ.......။

ကဲ ကျနော်တို့ အဖွဲ့ အခုလို အင်မတန် မှ ကျက်သရေ မင်္ဂလာ ရှိတဲ့ သီတင်းကျွတ် လ ညချမ်း အချိန် အခါ တခု မှာ အများပြည်သူကို ကပြခွင့်ရတဲ့ အတွက် အထူးကို ၀မ်းသာ မိပါတယ်ဗျာ....။
နောက်ဆုံးအနေနဲ့ ကျနော်တို့ ပရိတ်သတ်ကြီးကို အောင်ပါစေ ဆိုတဲ့ သီချင်းလေးနဲ့ နှုတ်ဆက် ဂါရ၀ ပြုကြပါစို့လားဗျာ.....။

အောင်ပါစေ (အောင်ပါစေ)...
ဇေယျတုနဲ့ချွေ သပြေနုခက်ဝေ... ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ချွေ...
ကမ္ဘာမြေ အမှီပြုတဲ့ လူထု အားလုံး ကျန်းမာ ချမ်းသာစေ.... (အောင်ပါစေသား အောင်စေသားဟေ့)...
မြန်မာနိုင်ငံတော်ဝယ် မင်းသူဌေးကုန်သည် .. လယ်ပိုင်ရှင်လယ်သမား... ဆင်းရဲသား မကျန်ပေ...
လိုရာဆန္ဒ ပြည့်ဝစေ အောင်ပါစေ.... ခေတ္တရာ သဘင် ရဲ့ စေတနာ မေတ္တာဝေ ... ဝေဖြာလှစ်ခါချွေ မြန်ပြည်တိုင်းအောင်
ကြံစည်တိုင်း အောင်ပါစေ..
စီးပွားရေးရယ် ကြီးပွားရေးရယ် သမီးရည်းစားရေးလည်အောင်ပါစေ...
ဇမ္ဗူတ၀ှမ်းလှူဒါန်းမယ့်သူတွေ (အောင်ပါစေ)... မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ (အောင်ပါစေ)...
ရွှေရေချမ်းလောင်းလို့လေ ကောင်းမြတ်တဲ့ မောင်မယ် မေတ္တာဝေ....

ထို့နောက် ဟာဒယ ရွှင်ဆေး တိုက်ကျွေးခဲ့ကြသည့် လူရွှင်တော်များ ဖြစ်ကြသည့် စုတ်ချွန်း၊ ဖိုးရှုပ်၊ ချက်စူ၊ ဒေးစစ် နှင့်
မင်းသမီး နန်းကလျာမြ တို့ ပရိတ်သတ်ကို လက်အုပ်ချီဂါရ၀ ပြုကာ ခွဲခွါ ခြင်း အထိမ်းအမှတ် လက်ရမ်း၍ နှုတ်ဆက်နေပါတော့သည်။
ထို့နောက်တွင်တော့ ကြက်သွေးရောင် ကန့်လန့်ကာကြီး တအိအိဖြင့် ကျလာကာ ခေတ္တရာ ရင်ခွင်ကို အလှဆင်မယ့် "'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ '''' အငြိမ့်ခန်း တခန်း ရပ်နား လိုက်တော့သည်။

********************************************
ပြီးပါပြီ။
 

Browse