ချစ်ခြင်း တစ်စုံဖြင့် ဘ၀ ကို ရင်ခုန်ကြည့်ခဲ့သူများ
Chapter(4)
အပိုင်း ၁
အတွေးတစဟာ
ကာရန်တခုပေါ့...
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
ကဗျာတပုဒ် ဖြစ်လာတယ်...
ရိုးရှင်း လွန်းသော
ချစ်သူ အလှ ကျတော့
အတွေးစပေါင်းများစွာ
ကာရန်ပေါင်းများစွာ
တဘ၀တာလုံး အဆုံးမသတ်နိုင်
တပုဒ်ပြီး တပုဒ်...
တပုဒ်ပြီး တပုဒ်...
ထို့နောက် သူ နှင့် သူမ ချစ်သူတွေ ဖြစ်သွားကြသည်။ တယောက်နဲ့ တယောက် ကြားလေ သွေး၍ ဝေးမှာကိုပင် စိုးခဲ့ကြသည်။ တွဲလက်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခဲ့ကြသည်။ ချစ်ခြင်းတစ်စုံ ဖြင့် ဘ၀ကို ရင်ခုန်ဖို့ရန် အသင့်အနေအထား သို့ ရောက်ရှိနေကြလေတော့သည်။
အပိုင်း ၂
- နွေး ရှိလား အန်တီ။
- ဟော အေး ပါလား။ လာလေကွယ်။ ဘာကိစ္စ လဲ သမီး။
- နွေး ဆီ လာလည်တာပါ အန်တီ။ မတွေ့တာလည်း ကြာနေလို့။ ကျောင်းလည်း မတက်တာကြာလို့လေ။
- အေးကွယ် နွေး အကြောင်းတော့ မပြောချင်တော့ပါဘူး။ မိဘက ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ သူက ပညာမရှာပဲ အပျော်ရှာထွက်တယ်လေ။ အံ့သြပါရဲ့အေ။ ဒါကြောင့် သူ့ကို အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းဘဲနဲ့ စောင့်ကြည့်နေတာ။ အန်တီတို့ကလည်း မဖြစ်သင့်တာ မဖြစ်ရအောင် သမီးရယ်။ သမီး တွေ့ချင်တယ် ဆိုရင်တော့ သူ့ အခန်းထဲသာ သွားတွေ့ပေတော့။
- ဟုတ်ကဲ့ပါ အန်တီ။ သမီး နွေးနဲ့ တွေ့လိုက်ဦးမယ်နော်။
- အေးအေး။
အပိုင်း ၃
- ဘယ်လို ဖြစ်တာလဲ နွေးရယ်။
- ဘယ်လို ဖြစ်ရမလဲ။ နွေး တို့ အကြောင်းကို အဖေ နဲ့ အမေ သိသွားပြီလေ။ နွေး လည်း မလိမ်ချင်တာနဲ့ အမှန်အတိုင်း ပြောလိုက်တယ်။
- အေး ဟယ် နင်တို့ နှစ်ယောက် အတွက် ငါ စိတ်မကောင်းဘူးဟာ။ နင်တို့ နှစ်ယောက် ခုလို ဖြစ်သွားကြမယ်လို့လည်း ငါတို့က ထင်မထားဘူးလေ။ အချစ်ကို ညှိယူလို့ ရချင်ရမယ် ဘ၀ကို ညှိယူလို့ မရဘူးလေ။ ဒါနဲ့ နင့်ကို မေးရဦးမယ် နင် သူ့ကို လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီလား နွေး။ နင် ဘာဖြစ်ချင်လဲ။ ငါ ဘာကူညီပေးရမလဲ။
- အေး ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ငါ ဇေပိုင် ကို သိပ်ချစ်တယ်ဟာ။ သူနဲ့ပတ်သက်လို့ ဖြစ်လာသမျှကို ငါရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။
အချစ်အတွက် ငါ့မှာ ခွန်အားတွေ ရှိလာ သလိုပဲ။ နင် ငါ့ကို ကူညီ မယ်ဆိုရင် ဒီစာလေးကို ဇေပိုင် ဆီကို ပေး ပေး ပါလား။
- အေးအေး စိတ်ချ စိတ်ချ။ ငါ ပေး ပေး မယ်။ ကဲ ဒါ ဆို ငါ သွားလိုက်ဦးမယ်။ နင်နဲ့ စကားပြောတာ ကြာနေလို့ နင့်အမေ သံသယ၀င်နေဦးမယ်။
- ဒါဆိုလည်း သွားတော့လေ။
အပိုင်း ၎
- သမီးကို ခွင့်ပြုပါဦး အန်တီ။ အေးကွယ် အေးအေး နောက်လဲ လာလည်ပေါ့ သမီးရယ်။ သမီးသူငယ်ချင်းလည်း စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့။
- ဟုတ်ကဲ့ပါ အန်တီ။
**************************
အပိုင်း ၅
သမီး ဖြစ်သူ၏ အခန်းထဲတွင် ခါတိုင်း နှင့်မတူ တိတ်ဆိတ်နေသည့်အတွက် ၀င်ကြည့်မိရာ သမီးဖြစ်သူကို မတွေ့ရဘဲ စာလေး တစ်စောင်ကို သာ တွေ့လိုက်ရသည်။
ဖေဖေ နဲ့ မေမေ
သမီး ကန်တော့ခဲ့ပါတယ်။ သမီး ချစ်သူ နောက်ကို ခိုးရာ လိုက်သွားပါသည်။ သမီးတို့ ချစ်ခြင်းကို မခွဲကြပါနဲ့နော်။ သမီး ကို ခွင့်လွှတ်ကြပါ။
သမီးမိုက်
- အမလေး ကိုအောင်စိန် ဒီမယ် ရှင့် သမီးရေးသွားတဲ့ စာကို ဖတ်ကြည့်စမ်းပါဦး။ တော်တော်ကို မိုက်လုံးကြီးတာပဲ။ မိဘ က အတန်တန် တားနေတဲ့ ကြားထဲက သူ့အကောင် နောက်ကို လိုက်ဖြစ်အောင် လိုက်သွားသေးတယ်။ ကျမတို့ ဘယ်လို လုပ်ကြမလဲဟင်။
- ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါလည်း မစဉ်းစားတတ်တော့ပါဘူးကွာ။ ဘယ်လိုက်ရှာလို့ ရှာရမှန်းလဲမသိ။ သြော် သမီး သမီး တော်တော် မိုက်တာပဲ။ ဖြစ်ပြီးမှတော့ သမီးလေးဘ၀ ကောင်းအောင် ငါတို့ဘက်က အတတ်နိုင်ဆုံး စီစဉ်ပေးရတော့မှာပေါ့လေ။ မဟုတ်ရင် ငါတို့ သမီးလေး ပဲ ထိခိုက်နစ်နာမှာပေါ့ဟာ။
*****************************

No comments:
Post a Comment