ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏
ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။
နိုင်လင်းသူရိန်
" အောင်မယ် လွမ်းရပါသော ပြည်တဲ့....။ မင်းက ငါ့ကိုလွမ်းတယ် ဟုတ်လား....။ မင်းက ငါ့ရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာရော ဟုတ်လို့လား...။ မင်းကို ငါမမြင်ဖူးပါဘူး....။ " လို့ ပြည်မြို့ကြီး က ပြန်ဖြေတယ်ဗျာ......။
ဟုတ်ကဲ့ ကျနော်က ခင်ဗျားရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာပါဗျာ....။ ကျနော် ပြည်သားပါဗျ....။ ခင်ဗျားရင်ခွင်ကို အုပ်ချုပ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်းတိုင်း တိုင်းရုံး ဆိုတာ အရင်က ပြည်မြို့ဆေးရုံကြီးလေဗျာ....။ အဲဒီမှာ ကျနော့်အမေက ကျနော်ကို့ မွေးဖွားခဲ့တာဗျ.....။ နောက်ပြီးတော့ ခင်ဗျားရင်ခွင်က ပညာတတ်တွေ မွေးထုတ်ပေးနေပါတယ်ဆိုတဲ့ နေရာဖြစ်တဲ့ ပြည်တက္ကသိုလ် ဆိုတာ အရင်က ပြည်ကောလိပ် ပါဗျာ....။ ပြည်တက္ကသိုလ် က အဝေးသင်ဌာန ဆိုတာ ကျနော် ငယ်စဉ်က တက်ခဲ့တဲ့ တရုတ်စု မူလတန်းကျောင်းပေါ့ဗျာ.....။ ကျနော်က ခင်ဗျားရင်ခွင်မှာ အထက်တန်းကျောင်းသားဘ၀ အထိပဲ ခိုလှုံခဲ့ဖူးတာဆိုတော့ ခင်ဗျားက ကျနော့်ကို မမြင်ဖူးဘူးပေါ့ဗျာ.....။
သားရေ
သား အိမ်ကို သတိရတဲ့ အခါကျရင် အလွမ်းပြေဖတ်ဖို့
အမေ့လက်ရေးလေးတွေပါတဲ့ ဒီစာနဲ့ အတူ အမေ့ဓာတ်ပုံကိုပါ သား နဲ့အတူ အမြဲတမ်းရှိနေမယ့်သားရဲ့ ပိုက်ဆံအိတ်လေးထဲ မှာ အမေ ထည့်ပေးလိုက်တယ်.....။
အမေ့သားက နိုင်ငံရပ်ခြားမှာ ပညာသွားသင်ရမယ့်သူဆိုတော့ အမေ့အနေနဲ့ အထူးမှာချင်တာကတော့......
ဘယ်နေရာရောက်ရောက် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါး ကိုတော့ မမေ့နဲ့ပေါ့....
ဂုဏ်တော် ကိုးပါးနဲ့ သံဗုဒ္ဓေ ဂါထာကိုလဲ အချိန်ရတိုင်းရွတ်ပေါ့ မေတ္တာသုတ်တော် လဲ ပွားပေါ့.....
နောက်ပြီးတော့ ၇ ရက် ဂြိုလ်မင်းကြီးတွေကိုလဲ မေတ္တာပို့ပေါ့...
၁။
သူ ....
အချစ်ဆိုတာ တကယ်တော့ သူ့အနေနဲ့ သိနှင့်ပြီးသားပါ။...
သူ့ကို လေးစား၍ တန်ဖိုးထား မြတ်နိုးနေမည့် ချစ်သူ တစ်ယောက်ကို လိုနေအပ်သည်မှာ အမှန်ပင် ဖြစ်၏။ စိတ်ကူးထဲကလည်း ရှာဖွေနေမိ၏။
ဒါပေမယ့် သူ သည် အတ္တမကြီးခဲ့ပေ။
သို့သော် မာနတော့ ကြီးဖြစ်ခဲ့သည်။
ဂျစ်ကန်ကန်နိုင်သကဲ့သို့ တခါမှလည်း အရာရာကိုလေးလေးနက်နက် မတွေးခေါ်ဖြစ်ခဲ့။
ဘာပဲလုပ်လုပ်သေသေချာချာ မစဉ်းစားဖြစ်သည်က များသည်။
ထိုကဲ့သို့ လေးနက်မှု ဆိုတာ ဗလာနိတ္ထိဖြစ်နေသည့် သူ၏ ဘ၀ ထဲသို့ ...အရာရာကိုလေးလေး နက်နက် တွေးတတ်သော.... ချစ်သူကို တန်ဖိုးထား မြတ်နိုးတတ်သော သူမ ဆိုသည့် ကောင်မလေးတယောက်ဝင်ရောက် လာသောအခါတွင်......................