ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

ကောင်လေးတယောက်ဧ။် ဖွင့်ဟ၀င်ခံချက်

Sunday, March 7, 2010
၁။
သူ ....
အချစ်ဆိုတာ တကယ်တော့ သူ့အနေနဲ့ သိနှင့်ပြီးသားပါ။...
သူ့ကို လေးစား၍ တန်ဖိုးထား မြတ်နိုးနေမည့် ချစ်သူ တစ်ယောက်ကို လိုနေအပ်သည်မှာ အမှန်ပင် ဖြစ်၏။ စိတ်ကူးထဲကလည်း ရှာဖွေနေမိ၏။
ဒါပေမယ့် သူ သည် အတ္တမကြီးခဲ့ပေ။
သို့သော် မာနတော့ ကြီးဖြစ်ခဲ့သည်။
ဂျစ်ကန်ကန်နိုင်သကဲ့သို့ တခါမှလည်း အရာရာကိုလေးလေးနက်နက် မတွေးခေါ်ဖြစ်ခဲ့။
ဘာပဲလုပ်လုပ်သေသေချာချာ မစဉ်းစားဖြစ်သည်က များသည်။
ထိုကဲ့သို့ လေးနက်မှု ဆိုတာ ဗလာနိတ္ထိဖြစ်နေသည့် သူ၏ ဘ၀ ထဲသို့ ...အရာရာကိုလေးလေး နက်နက်  တွေးတတ်သော.... ချစ်သူကို တန်ဖိုးထား မြတ်နိုးတတ်သော  သူမ ဆိုသည့် ကောင်မလေးတယောက်ဝင်ရောက် လာသောအခါတွင်......................


“.......အချစ်စစ်စစ်တွေ ချကျွေးချင်ပင်မယ်လို့ နှင်းဆီရဲရဲ တပွင့် လှပစွာ မပွင့် လာမှာကို ကြောက်မိတယ်.................”

၂။
တွေ့ ဆုံ မှုက ရိုးရှင်းလွန်းသည်ဟု ထင်အောင် သူ့အနေနှင့် တမင် လုပ်ပစ်မိခဲ့သည်။
အတန်းဆင်းချိန် ကန်တင်း..တခုမှာ...
သူမ ကို တိကျစွာ အဖြေမရှိတဲ့ ပဟေဠိဆန်ဆန် စူးရှရှ အကြည့် တချက် နှင့် ကြည့်ဖြစ်မိခဲ့သည်။
ခန့်မှန်း ထားသည့်အတိုင်း သူမက သူရဲ့ စူးရှရှ မျက်ဝန်း တစ်စုံကို ရင့်ကျက်စွာ ရင်မဆိုင် နိုင်ခဲ့သည့် ကောင်မလေး တစ်ယောက် ပင် ဖြစ်နေလေ၏။
တကယ်ဆို စူးရှရှ မျက်ဝန်း တစုံနှင့် မိုက်ကန်းကန်း ဂျစ်ကန်ကန် နေတတ်သည့် သူ့ကို သူမအနေဖြင့် လွယ်လွယ်ကူကူ ရင်မခုန်သင့်ပေ။
မမျှော်လင့်ပင်မယ့်..သူမ သွားတတ်တဲ့နေရာတိုင်းမှာ သူမ တွေ့ ရတိုင်း  စူး၇ှတဲ့ အကြည့်တချက်...
သူမ ကို ပိုင်ဆိုင် ခွင့် ပေးနေမိသည်ကလည်း သူ့မှာ ရှိသည့် မာနတွေကို သူမရဲ့ ခြေရင်းမှာ ၀ပ်ဆင်းမိသလိုသကဲ့သို့  ဖြစ်မိခဲ့သည်။
ပဟေဠိတွေ ပြည့်နှက် နေတတ်တဲ အကြည့်တွေနဲ့လည်း သူမကို အဖြေထုတ်ခိုင်းခဲ့မိသည်။
အပြင်ထွက်တိုင်း.အတန်းသွားတိုင်း...ကန်တင်းရောက်တိုင်း...ဘာကြောင့်မှန်းမသိ.သူ၏ စူးရှရှ မျက်ဝန်းတစုံကို စိုးရွံ စွာနဲ့ ..တိတ်တခိုး လိုက်ရှာနေမည့် သူမ ကိုတော့ ရင်ထဲမှာ မျှော်လင့်နေမိသည်။

၃။
သူမကို ချစ်နေသည် ဆိုသည့်အကြောင်းတော့ ဖွင့်ပြောချင်မိသည်။ တကယ်လည်း နှုတ်ကနေ ဖွင့်မပြော ဖြစ်ခဲ့ပါ။ ရင်ထဲက စကားတွေကို စာစီ၍သာ ပြောဖြစ်ခဲ့သည်။
“ချစ်တယ်” ဆိုတဲ့ စကားကို ....သူမရှေ့ မှာ လေးလေးနက်နက် ကိုယ်တိုင်...ပြောသင့်ပင်မယ်လို့
မိန်းကလေး တယောက်ကို ဖွင့်ဟ ၀န်ခံဖို့အတွက် သူ၏ မာနတို့က ဆူးညောင့် ဖြစ်ခဲ့သည်။
သူ့ကြောင့်သူမ၏ ရင်ထဲမှာ တိကျမှုမရှိတဲ့ ခံစားချက် တချို့ နဲ နွေးသွားမည်ဟုလည်း ထင်မိသည်။
သူမအနေနဲ့ ပျော်သွားသည်လား..ရင်ခုန်သွားသည် လားကိုတော့ မခန့်မှန်း တတ်ခဲ့။ သို့သော် သူမ.ဟန်ဆောင် ကောင်းခဲ့သည် ဆိုတာကိုတော့ သိလိုက်ရသည်။ သို့သော် သူမပျော်အောင် ကဗျာတွေ စာတွေကို တော့ မကြာမကြာ ပို့ပေးခဲ့မိသည်။

ပွေသည်၊ ရန်ပွဲတွေမှာမပါသည့်ပွဲမရှိ၊ ကောင်မလေးအပေါင်းအသင်းတွေလည်းအများကြီးရှိသည် ဆိုသည့် သတင်းဆိုးများကို လည်း သူမ ၏ ဟန်ဆောင်ခြင်းတွေ ကင်းအောင် တမင်ဖန်တီးထားခြင်းသာ ဖြစ်၏။ သူ့သတင်းတွေကြားတိုင်း သူမစိတ်ထဲမှာ ၀မ်းနည်းမှုတွေ ဖြစ်အောင်၊ သူနှင့် ပတ်သက်ပြီး သူမ ရင်ထဲမှာ တစုံတရာ ခံစားရအောင်၊ သူမထံမှ တုန့်ပြန်မှု တစုံတရာ ဖြစ်လာအောင် ဖန်တီးခဲ့ခြင်းသာ ဖြစ်၏။

၎။
သူ အတ္ထမကြီးခဲ့မိပါ ...
သူမသည် လေးနက်စွာ မြတ်နိုးစွာ..ချစ်သော ချစ်သူကို လိုချင်မှန်း သူ အစကတည်းက သိနှင့်နေခဲ့သည်။
သို့သော်
သူဘက်ကလည်း အရှုံးပေး၍ချစ်ရမည့်သူကို မလိုလားပေ။ ခက်သည်က သူဧ။်လုပ်ရပ်များက..သူမကို လေးနက်စွာချစ်သည်ဟု သူမ ယုံကြည်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဖုန်းသံကြားရလျှင် ပျော်နေတတ်သော သူမအတွက် ဖုန်း တွေ မကြာခဏ ခေါ်ပေးဖြစ်ခဲ့ပင်မယ့်
သူမ အကြားချင်ဆုံး၊ အမျှော်လင့်ဆုံး စကား တစ်ခွန်းကိုတော့ သူမကို မပြောဖြစ်ခဲ့ပေ။
ထို့ကြောင့်လည်း သူမအနေဖြင့် သူ့ကို မာနကြီးလွန်းသည်ဟု ထင်သွားတာဖြစ်မည်။
နဂိုကတည်းကမှ မသေချာခဲ့သည့် သူ့ထံမှ သေချာမှု တခုခုကို လိုချင်နေတာကိုက သူမ၏ အမှားပင် ဖြစ်ပေလိမ့်မည်။
သူ ဧ။်ရှေ့ တွင် ဟန်ဆောင်မှုတွေနဲ့ ..နေနေခဲ့သော သူမကိုလည်း စိတ်နာမိသည်။ တကယ်ဆိုရင် အချစ်ဆိုတာ ဟန်ဆောင်ခြင်းကင်းရမယ်လေ။
သူမလိုချင်သော၊ တန်ဖိုးထားသော အချစ်တစ်ခုကို
မာနတွေ ကင်းစွာ မပေးနိုင်ခဲ့တာကိုကလည်း သူ၏ မာန တစ်ခု ဖြစ်ကောင်းဖြစ်ခဲ့ပေလိမ့်မည်။

၅။
............သူ ရင်ဘတ်ထဲက ခံစားချက်တစ်ခုကို ရေးချလိုက်မိသည် ................

“အေး ဟာ ငါ ဘက်က အချစ်စစ်စစ် တွေချကျွေးခဲ့မယ်ဆိုရင် နှင်းဆီ ရဲရဲ တပွင့်တော့ ပွင့်ပေးဖို့ လိုတာပေါ့ ဟာ"

အချစ်ဆိုတာ သူ့အနေနှင့် "ဟန်ဆောင်မှု ကင်းခြင်း" လို့ အဓိပ္ပါယ် ဖွင့်လိုက်မိသည်။

အခုတော့ သူကိုယ်သူ သိလိုက်သည်
သူမ ကို သူ ချစ်သည်။ သူမ နှင့် ပတ်သတ် ၍ ဖြစ်ပေါ်လာသော ခံစားချက်တိုင်းသည်.....သူမကို သူ ချစ်နေသောကြောင့်ဖြစ်သည်။
သို့ သော်............................
သူမ ကိုချစ်နေသည့် အကြောင်း....သူမ..သိခွင့်ရဖို့ ...ဘယ်သောအခါမျှ ....သူ ကြိုးစားမည်မဟုတ်တော့ပါ..

No comments:

Post a Comment

 

Browse