ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

လက်ယက်ခေါ်နေကြသူများ...

Monday, February 22, 2010
အောက်ဖေါ်ပြပါ အရာများသည် ကျနော်တို့ယောင်္ကျားလေးများကို '' လာပါ လာပါ '' အသံဆာဆာဖြင့် လက်ယက်ခေါ်နေကြလေသည်....။ ဆွဲဆောင်မှုက အမျိုးမျိုး၊ ကြေငြာပုံ က အဖုံဖုံ နည်းမျိုးစုံ ဖြင့်ပေါ့လေ...။
ထို့ကြောင့် '' လက်ယက်ခေါ်နေကြသူများ '' အမည်ရှိ ပို့စ်လေးကို ခံစားရေးသားလိုက်ရပါသည်......။



လက်ယက်ခေါ်နေသူ (၁) ကွမ်းယာ
ကွမ်းယာလေးကို မြုံ နေရလျှင် အရသာရှိ၏.... နိုင်တီတူးလေးနဲ့ ၀ါးလိုက်ရမှ အရသာရှိ၏..... ဖာလာလေး ပါပြန်တော့ အရသာကတော့ပြောမနေနဲ့..... နှပ်ဆေးလေးနဲ့ နိုင်တီတူးလေးနဲ့ဆို အာဂပါးစပ် လူဖြစ်ကျိုးနပ်ပေလိမ့်..... ဗြစ်ခနဲ ဗြစ်ခနဲ ထွေးထုတ်လိုက်မှ အရသာရှိ၏...... နှုတ်ခမ်းလေးက နီနီ.... သွားလေးတွေက ရဲရဲ....
သြော် ကွမ်းယာ ကွမ်းယာ ကြိုက်လို့ဝါးတာလား ၀ါးလို့ကြိုက်တာလား.....
ဘယ်သူကတော့ မ၀ါးဖူးဘဲနဲ့ အရသာ ဘယ်သိပါ့မလဲ....အဖြေကရှင်းပါ၏.... ၀ါးလို့ကြိုက်ခြင်းသာ....။

လက်ယက်ခေါ်နေသူ (၂) ဆေးလိပ်
ဆေးလိပ်လေးကို ခဲနေရလျှင် အရသာရှိ၏.... ဗီးဂတ်ကို ဖွာလိုက်ရမှ အရသာရှိ၏... လန်ဒန်ကို ဖွာလိုက်ရပြန်တော့ အရသာလွန်ကဲသွားပြန်၏... မိုင်းဆဲဗင်းလ်၊ ငါးသုံးလုံး ကို ဖွာလိုက်ရမည်ဆိုလျှင် အာဂပါးစပ်လူဖြစ်ကျိုးနပ်ပေလိမ့်... စီးကရက်အရသာတမျိုး၊ ဆေးပေါ့လိပ် အရသာက တဖုံ...
စွဲမက်ဖွယ်က စုံပြန်ပါ၏... ဆေးလိပ်လေးကို တရှိုက် နှစ်ရှိုက်ဖွာရင်း အတွေးတွေထဲမှာ နစ်မြောနေရတာကိုက အရသာ......
သြော် ဆေးလိပ် ဆေးလိပ် ကြိုက်လို့ဖွာတာလား ဖွာလို့ကြိုက်တာလား......
ဘယ်သူကတော့ မဖွာဖူးဘဲနဲ့အရသာ ဘယ်သိပါ့မလဲ.... အဖြေက ရှင်းပါ၏... ဖွာလို့ကြိုက်ခြင်းသာ....။

လက်ယက်ခေါ်နေသူ (၃) ယမကာ
ယမကာလေး မှီဝဲနေရလျှင် အရသာရှိ၏.... အမြှပ်လေးတွေဝေနေတဲ့ ဘီယာခွက်လေးထဲက ဘီယာကို တခြိုက်ခြင်းဇိမ်ခံစွဲနေရလျှင် အရသာရှိ၏.... ဘီယာလေးနဲ့ ၀ီစကီလေး တပက် နှစ်ပက် ရောစပ်လိုက်လျှင် အရသာကတော့ပြောမနေနဲ့.... ၀ီစကီ သီးသန့်သောက်နိုင်လို့ကတော့ ရီဝေေ၀ မပြောနဲ့ လူတကိုယ်လုံးကို ဇိမ်ရှိရှိ လွင့်မျှောနေလိမ့်မယ်.... ရီရီဝေေ၀လေး ထွေနေတဲ့အရသာ..... ထွေလာရင် ပြောချင်ရာပြော လုပ်ချင်ရာလုပ် လို့ရပြီ ဆိုတဲ့ မမူးခင်က သိတဲ့အသိတရား.......
သြော် ယမကာ ယမကာ ကြိုက်လို့မှီဝဲတာလား မှီဝဲလို့ကြိုက်တာလား.....
ဘယ်သူကတော့ မမှီဝဲဘဲနဲ့ အရသာ ဘယ်သိပါ့မလဲ.... အဖြေက ရှင်းပါ၏......
မှီဝဲလို့ကြိုက်ခြင်းသာ.....။

လက်ယက်ခေါ်နေသူ (၄)ကုလားကား ခေါ် ဖဲ
ဖဲကစားနေရလျှင် အရသာရှိ၏..... စပိတ်၊ ဟတ်၊ ထောင့်၊ ညှင်း ပါဝါက ကြီးစဉ်ငယ်လိုက်... ဂျက်၊ ကွင်း၊ ကင်းကလည်း စွဲဆောင်နိုင်သူတွေ၊ ဂျိုကာဆိုတဲ့ကောင်ပါရင် ပွဲတောင်ပိုစည်သေး....။ တွမ်တီဝမ်းလား....ကိုးမီးလား....ရှိုးလား.... လွယ်ရာကနေ ခက်လို့သွားတဲ့ကစားနည်းတွေကလည်း အစုံ....။ ဖဲချပ်ကို ပွတ်နေရတာကိုက အရသာ.....။ အပွင့်ကောင်းတဲ့ဖဲ ဆိုရင် ရွှတ်ခနဲ ရွှတ်ခနဲ နမ်းလိုက်ရတာကိုက အရသာပိုရှိသွားပြန်၏.....။ အစမှာ အနိုင်မခံ အရှုံးမပေးချင်လို့ရိုက်ရင်း... နောက်ပိုင်းမှာ မပွတ်ရမနေနိုင်အောင်.....
သြော် ဖဲ ဖဲ ကြိုက်လို့ ပွတ်တာလား ပွတ်လို့ကြိုက်တာလား....
ဘယ်သူကတော့ ဖဲကိုမပွတ်ဖူးဘဲနဲ့ အရသာဘယ်သိပါ့မလဲ..... အဖြေက ရှင်းပါ၏....
ပွတ်ဖူးလို့ကြိုက်ခြင်းသာ....။

လက်ယက်ခေါ်နေသူ (၅)ဘောလုံးပွဲ
ဘောပွဲများလောင်းနေရလျှင် အရသာရှိ၏.... လေထိုးလေရော်လည်းဖြစ်၏.... အသပြာထိုး အသပြာရော်လည်းဖြစ်၏.... အထက်ကြေးက ထိုင်ရမလား အောက်ကြေးက ထိုင်ရမလား လယ်ပယ်တူ ပဲပေးရမလား.... ဂိုးပေါင်းပဲထည့်လိုက်ရမလား..... အားလုံးကို အရသာရှိနေတာပဲ.... မောင်းရိုက်ရတာလဲ ပိုပြီးတော့ အရသာရှိပြန်၏.... မောင်းပေါက်လို့ကတော့ ပွတာကိုး.....။
သြော် ဘောပွဲလောင်းခြင်း ဘောပွဲလောင်းခြင်း ကြိုက်လို့လောင်းတာလား လောင်းလို့ကြိုက်တာလား....
ဘယ်သူကတော့ မလောင်းဖူးဘဲနဲ့ အရသာ ဘယ်သိပါ့မလဲ..... အဖြေက ရှင်းပါ၏......
လောင်းဖူးလို့ကြိုက်ခြင်းသာ.....။

လက်ယက်ခေါ်နေသူ (၆)
နောက်ဆုံးတစ်မျိုးကတော့ ကျနော်ရေးရမှာ အနည်းငယ်လက်တွန့်နေမိပါ၏..... အနည်းငယ်မဟုတ်၊ များများကို လက်တွန့်နေမိပါ၏..... အယဉ်ကျေးဆုံး ရေးသားပေးရမည် ဆိုလျှင်.....
အခကြေးငွေဖြင့်သွေးသားဆန္ဒကို ဖြည့်ဆည်းပေးရာ နေရာသာ ဖြစ်၏.....။
ကြိုက်လို့သွားတာလား သွားလို့ကြိုက်တာလား.....။
အဖြေကတော့ရှင်းပါ၏..... သွားလို့ကြိုက်ခြင်းသာ.....။ ဒီနောက်ဆုံးအချက်ကတော့ ဆင်ခြင်နိုင်လေ ပိုကောင်းလေသာ ဖြစ်၏......။

ကဲ စုံသလောက်တော့ရှိသွားပါ၏....
ကဲ သူငယ်ချင်းတို့ရေ အကယ်၍ မပြည့်စုံသည်များရှိသော် ဝေဖန်လေကန်နိုင်ပါကြောင်း....

No comments:

Post a Comment

 

Browse