ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

အပြုံးတစ်ပွင့်ရဲ့ ဒဏ္ဌာရီ....

Monday, February 22, 2010
အပိုင်း (၁)
အတိတ်က ဖြစ်ပျက်ခဲ့မြင်ကွင်းတချို့ဟာ ကြည့်နေစဉ်အတွင်းမှာပဲ အလိုလိုေ၀၀ါးသွားခဲ့တယ်.....
သူ့စိတ်ကို တဖန်စေခိုင်းပြီး အတိတ်က မြင်ကွင်းတချို့ကို တူးဆွကြည့်ခဲ့မိတယ်......
ပိုလို့တောင်ေ၀၀ါးသွားခဲ့ပြန်ပါတယ်.....
ခံစားမှုဟာ အမြင့်ဆုံး အခြေအနေမှာ..... ရင်ထဲမှာ တဆစ်ဆစ်နဲ့ အပူတွေသာ...... ဘာတွေလဲ.... ဘာဖြစ်နေတာလဲ.....
ကိုကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး.....။
အဖြစ်အပျက်တွေက အတိတ်ကဆိုပေမယ့်လည်း သူ့နောက်ကို အရိပ်လို လိုက်နေတယ်....။ အတိတ်ကို ကြိတ်မှိတ်ဖြေဖျောက်ခဲ့ပေမယ့် ပစ္စုပ္ပန်မှာ အရိပ်ဆိုးလို ကပ်ငြိနေတယ်.....။
သူ ကောင်မလေးကို သိပ်ချစ်ခဲ့ပါတယ်.....။ ချစ်ခဲ့လို့လည်း ခုလိုခံစားနေရတာပေါ့.......။
ကောင်မလေးကို သူက အမြတ်တနိုးနဲ့ ငယ်ငယ် လို့ပဲ ခေါ်တယ်....။ ကောင်မလေး ကိုယ်တိုင်ကလဲ သူမကိုယ်သူမ ငယ်ငယ် လို့ပဲ သုံးပြီး စကားပြောလေ့ရှိတာကိုး.....။ ကောင်မလေးက ငယ်ငယ် ဆိုတဲ့နာမည်နဲ့လိုက်အောင်ကို ငယ်ငယ်ရွယ်ရွယ် နဲ့လှသွေးကြွယ်ခဲ့တယ်လေ.....။


အပိုင်း(၂)
သူနဲ့ငယ်ငယ် က ရိုမက်တစ် ဆန်ဆန် တွေ့ဆုံမှုမျိုးမဟုတ်ခဲ့ ရိုးလည်းမရိုး သလို ဆန်းလည်း မဆန်းခဲ့ပါဘူး.......။
ခမ်းနားကြီးကျယ်မှု အဆောင်အယောင်တွေမရှိတဲ့လမ်းဘေးက လ္ဘက်ရည်ဆိုင်တဆိုင်မှာ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီး ဇာတ်လမ်းတွေ စခဲ့ကြတာပါ.....။
အဲဒီနေ့က ကောင်မလေး ရဲ့ အထူးခြားဆုံးကတော့ အပြုံးတချက်ပါပဲ..... သွားထက်ကလေးနဲ့ စွဲမက်အောင် ပြုံးရက်နိုင်သူပါ...... အပြုံးတချက်ကို ငမ်းလျှက်ဆွေးမိတာကတော့ သူဆိုတဲ့ကောင်လေးပေါ့.....။
သိပ်လှတာပဲကောင်မလေးရယ်...... မြင်မြင်ချင်းပဲချစ်မိတယ်လို့ ဆိုရမလားကွာ.... နှလုံးသားကို ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ရက်တယ်.... နှလုံးခုန်သံတွေတောင် ကာရန်မမှန်တော့ပါလား....။

အပိုင်း(၃)
အဲဒီညက ကောင်လေး တော်တော်နဲ့အိပ်မပျော်နိုင်ခဲ့ဘူး...။ အတွေးထဲမှာ သွားထက်ကလေးနဲ့ အပြုံးပိုင်ရှင်မလေးကိုပဲ မြင်ယောင်နေမိတယ်.....။ သူကတော့ကောင်မလေးကို ချစ်စနိုးနဲ့ အပြုံးလို့ခိုးခေါ်နေမိတယ်.....။
ည ညမှာလည်း အပြုံးရေ နိဒါန်းချီပြီး စိတ်ကူးနဲ့ရေးခဲ့ရတဲ့ သ၀န်လွှာတွေကလည်း မနဲတော့......။
အပြုံးပိုင်ရှင်မလေးအကြောင်းကို စုံစမ်းတော့ ငယ်ငယ် ဆိုတဲ့နာမည်လေး ကိုသိခဲ့ရတယ်.... ။
ငယ်ငယ်လည်း အပြုံး၊ အပြုံးလည်း ငယ်ငယ် ပဲလေ.... ။ သူ့အတွက်ကတော့ အရေးမကြီး.... နောက်ဆုံးမှာ ငယ်ငယ်နဲ့ရင်းနှီးမှုရအောင် ကြိုးစားပြီး ငယ်ငယ်ရဲ့အချစ်ကို ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်..... သူ ငယ်ငယ် ကို ရင်ခုန်လို့ချစ်တာလား၊ ချစ်ချင်လို့ရင်ခုန်တာလား ဆိုတာကိုတော့ သေချာမစဉ်းစားဖြစ်ခဲ့ပါ....။ သေချာတာကတော့ သူကောင်မလေးကို ရင်နှင့်မမျှအောင် ချစ်တာပါ.....။

အပိုင်း(၃)
ချစ်ရတဲ့သက်တမ်း ၃၆၅ ရက် မကျော်ခင်မှာပဲ...........
ခါတိုင်းလိုပဲပေါ့ မိဘတွေက သမီးကညာ အခါမလင့်စေချင် ဆိုသလိုပေါ့......။
ငယ်ငယ်က စကားတခွန်းပြောလာခဲ့ပါတယ်........
ငယ်ငယ့်ကို မိဘတွေက သဘောတူသူနဲ့ပေးစားတော့မယ်..... ငယ်ငယ် အကိုနဲ့မဝေးချင်ဘူး ...... ငယ်ငယ်တို့ခိုးပြေးကြရအောင်နော်.....
သူ လွယ်လွယ်နဲ့မဆုံးဖြတ်ရဲပါ..... သူ့ဘ၀အကြောင်းကိုသူကိုယ်တိုင်ပဲ သိတယ်လေ.... သူ ငယ်ငယ့် ကိုချစ်တာ ရယူပိုင်ဆိုင်လိုခြင်းလား စွန့်လွှတ်အနစ်နာခံလိုခြင်းလား ဆိုတာ ဝေခွဲ၍ မရသေး.....
နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကိုယ့်ဘ၀ကိုယ်မပိုင်သေး ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင်သေးတဲ့သူက ငယ်ငယ်ကို စွန့်လွှတ်အနစ်နာ ခံခြင်းမျိုးနဲ့ချစ်ဖို့........။

ရက်စက်လိုက်တာ အကိုရယ်..... ငယ်ငယ်ကတော့ အကိုနဲ့မဝေးချင်လို့ ခိုးပြေးကြရအောင်ဆိုတဲ့ စကားတခွန်းကို မိန်းကလေး ပါးစပ်ကနေ ပြောထွက်အောင် ကြိုးစားပြီး ပြောခဲ့ရတာ..... ကောင်းပြီ အကို... အကို့ ဆုံးဖြတ်ချက်ကို ငယ်ငယ် လက်ခံပါတယ်..... ဒါပေမယ့်......
ဒါပေမယ့် ဆိုတာတွေကို မပြောပါနဲ့တော့လား ငယ်ငယ် ရယ်.... အကို ငယ်ငယ့်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာ ငယ်ငယ် တချိန်ကျ နားလည်လာပါလိမ့်မယ်..... အခုအချိန်မှာ အကောင်းဆုံးကတော့ မိဘတွေ စီစဉ်တာကို လက်ခံလိုက်ပါ ဆိုတာကလွဲပြီး အကို့မှာ ဘာမှ ပြောမထွက်တော့ဘူး ငယ်ငယ် ရယ်.......။

အပိုင်း(၅)
အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းလို့ ထင်မှတ်ခဲ့တဲ့သူ... သူ အချစ်ဆုံးသူကို တခြားသူ ရင်ခွင်မှာ ပျော်ရွှင်စေခဲ့ သူ.....
သူ့မှာ အသည်းနှလုံး မရှိတော့တာလား....... အချစ်မှာ ဦးနှောက်တွေ အတွေးအခေါ်တွေ ထည့်ထွက်ခဲ့တာလား......
ဘာပဲဖြစ်ဖြစ် သူ ငယ်ငယ် ကို ပိုင်ဆိုင်ခွင့်မရခဲ့ပေမယ့် ငယ်ငယ်ရဲ့ သွားထက်ကလေးနဲ့ အပြုံးတချက်ကို ပိုင်ဆိုင်ခဲ့ရတယ်လေ........။
အတိတ်ကိုလွမ်း .........
ပစ္စုပ္ပုန်ကိုထမ်းပြီး ...........
အနာဂတ်ကိုမှန်းရတာ ..........
မမောပန်းပေမယ့် (တစ်ခါတစ်ရံမှာ)
ကျောချမ်းလှတယ် ငယ်ငယ် ရယ် ............
သဲပွင့်လေးတွေ သီကုံးထားတဲ့
ကန္တာရမှာ ..........
မုန်တိုင်းတွေ ခုတ်လှဲပြီး ............
လေညှင်း ဥယျာဉ်
စိုက်ပျိုးချင်တာပေါ့ ..........
အခုတော့..........
သွားထက်လေးနဲ့ အပြုံးတချက် အတွက်
ခဏခဏ ရမ္မက်တွေ အူနေတုန်း...............။

1 comment:

Anonymous said...

Why casinos are rigged - Hertzaman - The Herald
In the UK, casino wooricasinos.info games 바카라 사이트 are aprcasino rigged and there is evidence https://vannienailor4166blog.blogspot.com/ of fraud, crime or disorder or an individual's involvement. There are https://deccasino.com/review/merit-casino/ also many

Post a Comment

 

Browse