ဖလော် ၀မ်း
ဖူးစာပါ လို့ ဆုံကြတယ် ဆိုပေမယ့် ဆုံဆည်းမှုတွေ ဖြစ်အောင် ဖန်တီးခဲ့တာမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင်ဝန်ခံပါတယ်။
ဖလော် တူး
အချစ်မှာ မျက်စိမရှိဘူးတဲ့။ ချစ်လွန်းအားကြီးသွားရင် မျက်စိကန်းတဲ့လူလို ဖြစ်သွားတတ်ပါတယ်။ ဒီ ဘ၀မှာတော့ သူ့ကို သိပ်ချစ်လို့ ဘ၀မှာ အကြိမ်ကြိမ် ကန်းခဲ့ရပါတယ်။
ဖလော် သရီး
ချစ်တတ်အောင် ကြိုးစားနေတဲ့သူတွေဟာ ကြာလေကြာလေ အချစ်ငတ်လာလေပါပဲ။ အချစ်ဆိုတာ အချိန်ယူလေ့လာရမယ့် ဘာသာရပ်တခုမှ မဟုတ်ဘဲလေ။
ဖလော် ဖိုး
နှလုံးသား ရပ်ဝန်းမှာ အချစ်မိုးတွေ ရွာနေတယ်။ မိုးကောင်းပေမယ့် မပျော်နိုင်ဘူး။ ရွာမယ်ဆိုတာ ကြိုမသိလိုက်လို့လေ။ ဒီလိုမှန်းသိရင် အစကတည်း တိမ်ညိုတွေကို ခဲနဲ့ပေါက်ခဲ့တာပေါ့။
Myanmar National Anthem
7 years ago
1 comment:
ခံစားချက်နဲ့ ရေးထားတဲ့ စာသားတွေလားဗျာ။ စားသားတွေ အရမ်းကောင်းလွန်းနေတယ်။ နောက်လဲ လာအားပေးမယ် ကိုနိုင်လင်းသူရိန်ရေ။
Post a Comment