ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

နှင်း အကြွေကောက်တဲ့လက်

Monday, February 22, 2010
အပိုင်း (၁)

ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဖေါ်တယ်... ငွေနှင်းဖြူက သန့်စင်တယ်လို့ အဓိပ္ပါယ် ယူရင်ကွယ်...။
ချစ်သူကကွယ် ဆောင်းနှယ်အေး၍ နှင်းလို ဖြူတယ်... ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူ ပါပဲ ကွယ်....။


အပိုင်း (၂)

မောင်
နှင်း ဒီစာကို မရေးမဖြစ်လို့ ရေးလိုက်တယ်မောင်...။ နှင်း လည်း မောင့်ကို အရမ်းသတိရပါတယ်...။
ဒါပေမယ့် နှင်း မှာ မောင့်ကို ၀န်ခံစရာ ရှိနေတယ်မောင်...။ နှင်း နဲ့အတူ နိုင်ငံခြားကို အတူတူ သွားရတဲ့ ကိုသော်တာ ကို သိလားမောင်...။ အဲဒီလူ က နှင်းကို အစစ အရာရာ အကူအညီပေးတယ်မောင်...။


အပိုင်း (၃)

စာဖတ်နေစဉ်မှာပင် နှင်း နဲ့ ကျနော်ရဲ့ အတိတ်ကို ပြေးမြင်ယောင်မိပါတယ်....။
နှင်း နဲ့ ကျနော် ဆုံနေကျ နေရာလေးမှာ ဖြစ်သည်...။
နှင်း မိဘတွေက မောင့်ကို ဘာပြောသေးလဲ ...။
သဘောတူပါတယ်တဲ့ ရှင်...။ နောက်ပြီးတော့ နှင်းတို့မှာ ယောင်္ကျားလေး မောင်နှမကလည်း မရှိတော့ မောင့်ကို သားအရင်း တယောက်လို သဘောထား တယ်တဲ့လေ...။
ဟာ ဘယ်ဆိုးလို့လဲ ယောက်ခမကြီးတွေက...။ သဘောကောင်းတာပဲ...။ မောင့်မှာတော့ကွာ စိုးရိမ်လွန်းလို့ ရင်တွေတောင် ခုန်နေတယ်...။
မယုံပါဘူး...။
မယုံရင် နားထောင်ကြည့်လေ... ဆိုတော့ သူက ကျနော်ရဲ့ ရင်ခုံသံတွေကို လာနားထောင်ပါတယ်...။
ဘာသံမည်လဲ...။ ဘာသံမြည်ရမှာလဲ...။ ဒုတ် ဒုတ် ဒုတ် နဲ့ပေါ့...။
မှားတယ် နှင်း ရဲ့ ...။ မောင့်ရဲ့ ရင်ခုန်သံတိုင်းဟာ... နှင်း နှင်း နှင်း လို့ မြည်နေတာလေ... နှင်း မကြားလို့သာ....။
ဟုတ်လို့လား မယုံပေါင်...။ နှင်း တကယ်မယုံဘူးလား... မောင် တကယ်သက်သေပြရမှာလား ဆိုပြီး သူ့ပါးပြင်နားဆီသို့.....ဟန်ပြင်တာပါ...။
တော်ပြီ တော်ပြီ ယုံပါတယ်တဲ့ ရှင်.....။

အပိုင်း (၄)

သားရေ ... ဗျာ အမေ... မနက်က နှင်း ဖုန်းဆက်တယ်...။
ဟုတ်လား ဘာပြောသွားသေးလဲ အမေ....။ သားနဲ့ အရေးကြီး ကိစ္စလေး တိုင်ပင်စရာရှိလို့တဲ့... အဲဒါ မနက်ဖန်မနက်ကို တွေ့နေကျနေရာလေးမှာ စောင့်နေမယ်တဲ့...။ ဟုတ်ကဲ့ မေမေ.... သား သွားလိုက်ပါ့မယ်....။

အပိုင်း (၅)

ဘာ....။
အမလေး လန့်လိုက်တာ မောင်ရယ်...။
နှင်း ပြောတဲ့ စကားကိုလည်း ပြန်စဉ်းစားကြည့်လေ...။ မောင့်ကို နှင်း က တိုင်ပင်တာလား... နှင်း ဆုံးဖြတ်ချက်ကို ပြောနေတာလား....။
သြော် မောင်ရယ် ဒီ အခွင့်အရေးဆိုတာ နှစ်ခါ မရလို့ပါမောင်ရယ်...။
သိပ်ကြာတာမှ မဟုတ်ဘဲ မောင်ရယ်...။ အဲဒီက ပြန်ရင် ကုမ္ပဏီမှာ ရာထူးကြီးကြီး ရမှာ မောင်ရ...။ အင်းလေ နှင်း က သွားချင်စိတ် ဒီလောက်တောင် ပြင်းထန်နေမှတော့ သွားပေါ့ မောင် မတားပါဘူး...။ နှင်း ကို မောင် မတားဘူးဆိုတာကလည်း သိပ်ချစ်လို့နော်....။
နှင်း သိပါတယ်မောင်ရယ်...။ နှင်း လည်း မောင်နဲ့ ဘယ်ခွဲ ချင်ပါ့မလဲ....။
မောင် လေယာဉ်ကွင်း လိုက်ပို့ရဦးမလား...။
ရပါတယ် နှင်း ကုမ္ပဏီက အစီအစဉ်အတိုင်း သွားလိုက်တော့မယ်...။

အပိုင်း (၆)

ထိုနေ့က စ၍ နှင်း ကို ကျနော် စလွမ်းခဲ့ရလေသည်...။ ကျနော်နဲ့ နှင်း ကြားမှာ ဆက်သွယ်မှုဆို၍ တယ်လီဖုန်း ခေတ်သာ ရှိသေးသည်...။ တနေ့မှာ နှင်း ထံမှ စာတစ်ဆောင် ရောက်လာ၏....။ အပေါ်က စာကို ကျနော် ဆက်လက်ဖတ်ဖြစ်ခဲ့သည်...။

..................................................
နှင်း အဖြူစင်ဆုံး ၀န်ခံရရင်
အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ဖြစ်သွားတယ်မောင်...။ နှင်း လည်း လွန်တာပါ မောင်...။ မောင်နဲ့ သူ့ကို အစစ အရာရာ နှိုင်းယှဉ်မိတယ်လေ...။ သူက လူလွတ်တယောက်မဟုတ်ဘူး ဆိုတာ သိလိုက်တဲ့အချိန်ကျတော့ လက်လွန်သွားပြီလေ....။ နှင်း မိုက်တာပါမောင်ရာ....။ နှင်း ကို မောင် မေ့လိုက်ပါတော့....။
မောင် ရဲ့
နှင်း

အပိုင်း (၇)

စာဖတ် အပြီး ကျနော်ရင်ထဲမှာ မချိမဆန့် ခံစားရလေသည်...။
ဘာတွေ ဖြစ်လို့ ဖြစ်ကုန်မှန်းတောင် မသိတော့ပြီ...။
သေချာတာတစ်ခုကတော့ ကျနော် နှင်း ကို သိပ်ချစ်ခဲ့သည်....။
စိတ်ချပါ နှင်း ရယ်...။ နှင်း ကို မောင် ခွင့်လွှတ်ပါတယ်...။ နှင်း ကို မောင် ဘယ်လိုလုပ် မေ့နိုင်မှာလဲကွာ....။ နှင်း ကို မောင် ပြောဖူးပါတယ်...။ မောင့်ရဲ့ ရင်ခုန်သံတိုင်းဟာ... နှင်း နှင်း နှင်း လို့ မြည်နေတာလေ...လို့လေ..။ အသက်ရှင်နေ သမျှလည်း နှင်း ကို ရင်ခုန်နေမှာပါ...။
နောက်ပြီးတော့ မောင် ရဲ့လက်တွေကိုလည်း အခုချိန်ကစပြီး
နှင်း အကြွေကောက်တဲ့လက် လို့ သတ်မှတ်ပါရစေတော့ နှင်း ရေ.....။


ကျနော် ရေးချင်တာကတော့ဗျာ... သိပ်ချစ်ကြတဲ့ ချစ်သူ ၂ ဦး... ကောင်မလေးက နိုင်ငံခြားရောက်သွားတဲ့အခါမှာ စိတ်အပြောင်းအလဲ ဖြစ်ပြီး နောက်တစ်ဦးနဲ့ ဖြစ်ပေမယ်လို့ ချစ်သူ ကောင်လေးကတော့ စိတ်မပြောင်းဘဲ မေတ္တာစစ် မေတ္တာမှန် နဲ့ ဆက်ချစ်နေမယ်ဆိုတာကို ရေးချင်တာပါ... အဖြစ်အပျက် ရိုးသာရိုးတာ... စကားလုံးတွေ ကို တော်တော် စဉ်းစား၍ သရုပ်ဖော်ခဲ့ရပါသည်...။
ကျနော်၏ အရေးအသားညံ့ဖျင်းခဲ့သည် ရှိသော် ခွင့်လွှတ်ပါကုန်...။
ကျနော်တခုပြောချင်တာက ကောင်လေးရော ကောင်မလေးပါ ၂ ဖက်စလုံးကို ကြွေတဲ့ နှင်း နဲ့ နှင်းအကြွေကောက်တဲ့ လက်ကို ရောပါ... မျှမျှတတ ခံစားရေးထားတာပါလို့....။

No comments:

Post a Comment

 

Browse