ရင်ခုန်သံ စီးချင်း မှ နွေးထွေးစွာ ကြိုဆိုပါ၏

ရင်ခုန်တာဟာ ရှင်သန်နေလို့ပါ
ခံစားချက်ရှိတာ ရင်ခုန်လို့ပါ
စကားလုံးထွက်ဟ လာတာ ခံစားချက်ကြောင့်ပါ
ဝါကျဖြစ်လာတာ စကားလုံးတွေ ထွက်ဟ လို့ပါ
အက်ဆေးဖြစ်လာတာ ၀ါကျများ ရှိလို့ပါ
စာရေးမိတာ အက်ဆေးများ ဖြစ်လာလို့ပါ
ရှင်သန်နေတာ စာရေးမိသောကြောင့်ပါ
ရင်ခုန်နေတာကလည်း ရှင်သန်နေလို့ပါ
ရင်ခုန်သံတွေ စီးချင်း ထိုးနေသရွေ့ စာတွေရေးမိနေမှာပါ။

နိုင်လင်းသူရိန်

"' အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ '''''''''' သဘင်

Tuesday, October 19, 2010
"'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ''''''''''  သဘင်

ခေတ္တရာမြေ... ချစ်သဟာဆွေ.... အပေါင်းကိုလ...
လှစ်ခါချွေ.... ဆုမွန်တောင်းပါလို့... ကြံတိုင်းရယ်အောင်.
ကြံတိုင်းရယ်အောင်........
တက်နေပမာ... ကျက်သရေ အခက်ဝေဖြာပါလို့
ဥစ္စာဓန ပေါကြွယ်ဝ.... လိုတိုင်းတ ရစေမှာ.....
လိုတိုင်းတ ရစေမှာ....ဟာာ
ဘေးဘရာတွေ ဝေးကွာရှင်းလို့ရယ်.......
ကင်း......ကင်းကြစေကြောင်း.....ကြောင်း... ကြောင်း။

မင်္ဂလာရှိတဲ့ ခွန်းတောက်ကို အရွန်းမဖောက်ဘဲ ဆိုသွားတာက......... ကိုစုတ်ချွန်းလားဗျာ...။
ဟုတ်ပါ့ ဖိုးရှုပ် ရေ ။
ကဲ ကျနော်တို့တတွေ  ကိုယ့်ကို ကိုယ် မိတ်ဆက်ရအောင်လားဗျာ....။
ကဲ ကျနော်က စမိတ်ဆက်မယ်....။

သားနာမည်က မောင်စုတ်ချွန်း... မောင်စုတ်ချွန်းက သားနာမည်....
ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်..... ဖေ့ဘွတ်ထဲက ပျိုမေများ....
မောင်စုတ်ချွန်းကို ကြွေတယ်ဗျား.........။

သားသားနာမည် ဖိုးရှုပ်ပါ .... တနေကုန်ရှုပ်တယ် အွန်လိုင်းမှာ ....
ချက်တင်ထိုင်ရင် မထတမ်း .... တွေ့သမျှ အကုန် သရမ်း....။

ကျနော့်နာမည် ချက်စူပါ .... အိုဗာစီးဆို အကုန်ကြူဗျာ....
ဗွီစက်အို ရှေ့ တကုတ်ကုတ် .... အမြဲကို စတိုင်ထုတ် ...။

ကျနော့်နာမည် ဒေးစစ် ပါ ....  ခေတ္တရာမှာ နေပါတယ် .....
ရှောက်ကာမမေးနဲ့ဖောက်သည်ဈေး ... ကြုံတုန်းဝယ်ထား ဈေးမများ...........
ဟုတ်လိုက်လေ ဟုတ်လိုက် .. ဟုတ်လိုက် လေ........။

အခု ကျနော်တို့ ကပြ အသုံးတော်ခံတဲ့ ပွဲလေးက ဘာပါလိမ့်ဗျာ...။ ဘာအမှတ်တရပွဲပါလိမ့်ဗျာ.....။
ဟုတ်ကဲ့ ကျနော်တို့ ကပြ အသုံးတော်ခံတဲ့ ပွဲက "'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ''''''''''  သဘင်ပါဗျာ.....။
သီတင်းကျွတ် လ အမှတ်တရ ကပြ ကြတဲ့ ပွဲပါခင်ဗျ.....။
ဒီတော့ အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ ဆိုတဲ့ အငြိမ့်ခန်း ဆိုတာ ဖွင့်............................။

ညိုပြာပြာ လတာပြင်ခြေရင်း၊ ******* လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း၊************
ညိုပြာပြာ လတာပြင်ခြေရင်း၊ ******* လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း၊************
အဆင်းကလည်း မသက်သာ၊******** အုန်းလက်ကြွေ ရေပေါလော မျော စုံလို့လာ၊**********
အဆင်းနှင့်အလာ ဗေဒါမ အထွေး၊******  အုန်းလက်ကြွေ သူ့နံဘေး စောင့်ခဲ့ရသေး၊**********
ဆောင့်ခဲ့လည်း မသက်သာ၊ ********* နောက်တချီ ဒီတလုံးက ဖုံးလိုက်ပြန်ပါ၊***********
မြှပ်လေပေါ့ ပေါ်မလာ၊********  မဗေဒါ အလှ တလံကွာ လှိုင်း အကြွ ပေါ်လိုက်ပြန်ရ။********
ပေါ်ပြန်လည်း မသက်သာ၊******** ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ********
ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်တည်း******
အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ။*******

ဟေး ဟေး ဟေး..........။
ဘာတွေ ဟေး နေကြတာလဲ ....။ မသိဘူးလေ တယောက် က စ ဟေး လိုက်တော့ အကုန်လိုက် ဟေး တာပေါ့....။
တော် ပီ တော်ပီ မဟေး ကြနဲ့တော့...။ ဒီတခါ ကျနော်တို့ လူရွှင်တော် တွေက ခေတ်အကြောင်းနည်းနည်း ပြောကြည့်ရအောင်....။
မဟုတ်ရင် ကျနော်တို့ လူရွှင်တော်တွေက အလကားပါကွာ.... ဇာတ်စင်ပေါ်သာ တက်နေတယ် ဘာမှလည်း မသိကြဘူး ပြောနေဦးမယ်..။
ဟုတ်တယ် ဟုတ်တယ် ကျနော်လည်း ခေတ်အကြောင်းတွေ ပြောချင်တယ် ကိုစုတ်ချွန်း....။
ကဲ ဒါဆို ပြောကြရအောင်ဗျာ....။

ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
လမ်းမ မရှောင် ဘာမှမရှောင် လိုက်လို့ကြောင်တဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...။

ဟော လာပီ နောက်တခေတ်...။
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
လူကြီးနှင့်အပျိုစင် တွဲလျှက်ယှဉ်...... ပွဲသဘင်ကတဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
တစ်ဦးဥစ္စာ ပြည့်စုံလာ မနာလိုတဲ့ ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ပေါင်းဖော်သားခြင်းမေတ္တာကင်း အတင်းပြောတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
အရွယ်မရောက်အပျိုပေါက် လင့်နောက်လိုက်တဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်...
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ရှေ့ကွဲနောက်ကွဲ ၀တ်ဆင်ရဲ အသည်းယားစရာကောင်းတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...

လာပြန်ပီ နောက်တခေတ်....
ဒန်ဒီဒီ ဟိုက် ရေး ဒန်ဒီဒီ ဟိုက် ပြော မယ်ကွယ် နားထောင်ဦး..........။
ကျောင်းသူကျောင်းသား စာသင်သွား ရည်စားထားတဲ့ခေတ်
မှတ်သားလောက်ပါတယ် ခင်ဗျ ... မှတ်သားလောက်ပါတယ်...
ခေတ် အကြောင်းကုန်စင် ပြောပြန်ရင် ဒေါသ ဖြစ်စရာ တွေ့လိမ့်မယ်....
ဘာမှ မပြောဘဲ အသာငြိမ်ကုတ် တရားအားထုတ်ကာမှ ကောင်းတော့မယ်....
သာဓု သာဓု သာဓု....။

ကဲ ကိုဖိုးရှုပ် ..... ရေ ကျနော်တို့ ညီအကိုတတွေ ခေတ် နဲ့ ပတ်သက်လို့  အန်ဖော်မေးရှင်း သဘောလေးတွေကို
နောက်လာနောက်သားလေးတွေ အသိတိုးနိုင်အောင် ဟာသလေးတွေ နှောပြီး ပြောပြလို့တော့ ပြီးပါပီ....
ကဲ မင်းသမီးလေး အဆင်း ရူပါ ကို ခံစား ပြီးကြပါပြီ... ပီယ၀ါစာ... ချစ်ခင်ဖွယ် စကားလေးတွေကို ဘယ်လို ပြောမလဲ ဆိုတာ ပရိတ်သတ်ကြီးက မျှော်လင့်နေကြပါပြီလို့....။
ဟုတ်ပါ့ဗျာ ဒါနဲ့ ခုန က အသုံးတော်ခံသွားတဲ့ ညီမငယ် မင်းသမီးလေးက ဘယ်သူပါလိမ့်ဗျာ.....
သြော် မင်းသမီးလေးကတော့ ''''''''' ခေတ္တရာ အလှ နန်းကလျာမြ ''''''ဆိုတဲ့ညီမငယ်လေးပါပဲဗျာ.........
ကဲ ကဲ ကဲ .............ခေတ္တရာအလှ နန်းကလျာမြ ဆို တဲ့ ညီမငယ် ဆို တာ သူပါပဲဗျာ.........
လူတကာရင်မှာ အစဉ်ကာ စွဲအောင်.........  ခြေတလှမ်း ကုဋေ တသန်း နဲ့ကြွ.............။

ဇာတ်စင်ရဲ့ ဘယ်ဘက်အခြမ်းမှ ပန်းနုရောင် ဝတ်စုံဖြင့် မင်းသမီး ထွက်ပေါ်လာသည်။
ထို့နောက် ပရိတ်သတ်ကြီးကို လက်အုပ်ချီ၍ ဂါရဝပြု နှုတ်ဆက် လိုက်ပြီးနောက် လူရွှင်တော်များ ဘက်လှည့်ကာ "မင်္ဂလာည ချမ်းပါ အကိုတို့ရေ" ဟု အပြုံးလေး ဖြင့် နှုတ်ဆက်လိုက်သည်။

အကိုတို့ရေ ဒီလ က ဘာလ လဲ သိလား....။
သိတာပေါ့ ဒီလ က သီတင်းကျွတ်လေ....။
ဟုတ်ကဲ့ ရှင်....။ သီတင်းကျွတ် ဆိုတော့ ရာသီကလည်း တူရာသီ...မဟုတ်ပါလား ရှင်....။
အဲဒီတော့ တူ ရာသီ လသီတင်းမှာ ကျမတို့ ညီအကို မောင်နှမ သားချင်းတွေမာ
ချစ်ချစ်ခင်ခင် နဲ့ ကပြ ကြပါစို့လား ရှင်....။
ယနေ့ ကြွလာ သော ပရိသတ်ကြီးလည်း ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း နဲ့ ပြည့်စုံနိုင်ကြပြီး. မိုးဆမ်း ပန်းပမာ ထာဝရလန်းဆန်း နိုင်ကြပါစေလို့
သမီးက ဒီဇာတ်ခုံပေါ်ကနေ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်.....။

ဟောဗျာ ကြည့်စမ်းပါဦး... ဘယ်လောက် လိမ္မာပြီး ချစ်စရာကောင်းသလဲနော်.....။
ကိုဖိုးရှုပ်ရေ... ဗျာဗျ.... နန်းကလျာ မြ လို အမျိုးသမီးလေး မလို ချင်ဘူးလား.....။
လိုချင်တာပေါ့ဗျာ.....။ ဒါဆို ခင်ဗျား ကောင်မလေး ကျနော့်ပေး....။
ဟင် ဘာဆိုင်လို့လည်း....။ ဆိုင်တာပေါ့ ကျနော်က နန်းကလျာမြလေး second ဖြစ်သွားမှာကို စိုးရိမ်လို့ပါ.....။
သူ့ဘာသာ သူ second ဖြစ်သွားတာ နင်နဲ့ ဘာဆိုင်တုန်း....။ သူကြည်ဖြူဖို့သာ အဓိက... သူကြည်ဖြူဖို့သာ အဓိက....။

- ဟိုဘက်က ကိုစုတ်ချွန်း လား ရှင်
- စကဒ်အတိုဝတ် ရမ္မက်ကိုမပင့်ရ ရို့ရို့.....။  အရက်ကိုချင့် ခွက်ပိုမဆင့်ရ ရို့ရို့....။
စကဒ်အတိုဝတ် ရမ္မက်ကိုပင့် တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.....။
စကဒ်အတိုနှင့် ရမ္မက်ကိုပင့်က အခက်ပိုတာပေါ့ ဒါလေးတောင် မသိကြဘူးလား ကဲဟယ် ကဲဟယ်....ကဲ....။
အရက်ကိုချင့် ခွက်ပိုဆင့်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ........။
အရက်ကိုမချင့် ခွက်ပိုဆင့်က အသက်တိုတာပေါ့.......။ ဒီတော့ကာ.....
ရမ္မက်ကိုပင့် မည့် စကဒ်အတို ၀တ်သူများကိုလည်း မကြည့်နှင့်....။
ခွက်ပိုဆင့် အရက်ကိုမချင့် သူများနှင့်လည်း မသိချင်နှင့်.....။
ညီမရေ ညီမရေ မင်္ဂလာပါဗျာ....။

- ဟိုတယောက်က ကိုဒေးစစ် မဟုတ်လားရှင့် ။
- ဟုတ်ရှိကြောင်းဗျ။

- ဟောဟိုက ကိုဖိုးရှုပ် လား ရှင်။
- ငါလည်း ကိုစုတ်ချွန်းလို လုပ်ဦးမယ်....။
ကြော်ငြာကိုလည်း မကြိုက်နှင့် ရို့ ရို့.......... ပျော်စရာကိုလည်း မလိုက်နှင့် ရို့ရို့.........။
ကြော်ငြာကိုလည်း ကြိုက်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ......။
ကြော်ငြာကိုကြိုက်က အလှည့်စားခံရတာပေါ့ ဒါလေးတောင် မသိကြဘူးလား...... ကဲဟယ် ကဲဟယ် ကဲ......။
ပျော်စရာကိုလိုက် တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.......။
ပျော်စရာကိုလိုက်က တကယ်အမှားခံရ တာပေါ့.......။
ကဲ ညီမရေ မင်္ဂလာ ရှိသော အချိန်လေးပါ.....။

-အဲ မေ့နေလိုက်တာ ဟိုဘက်ထောင့်က ကိုချက်စူ ကြီးပါလား။ ကိုချက်စူ ရေ မင်္ဂလာပါရှင်။
- ဟေ ဟေ မင်းသမီးက ငါ့ကိုခေါ်ပြီ....။ ဘယ်ရမလဲ ငါလည်း မင်းတို့ ပြောမှာပေါ့....။
ကညာကို အပျော်ဟန် မမှတ်ရ ရို့ရို့......၊ အနာကို အညှော်ခံ မကပ်ရ ရို့ရို့......၊ ကဗျာကို အပေါ်ယံ မဖတ်ရ ရို့ရို့.......။
ကညာကို အပျော်ဟန် မှတ်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ.......။
ကညာကို အပျော်ဟန်မှတ်က ထောင်အရပ်ဆီ သွားရမှာပေါ့ ဒါလေးတောင် မသိကြဘူးလား ...... ကဲဟယ် ကဲဟယ် ကဲ......။
အနာကို အညှော်ခံ ကပ်တော့ ဘာဖြစ်လဲ ဘာဖြစ်လဲ......။
အနာကို အညှော်ခံကပ်က ယောင်တတ်တာပေါ့......။
နေပါဦး..... ကဗျာကို အပေါ်ယံ ဖတ်တော့ရော......
ကဗျာကို အပေါ်ယံဖတ်က မောင်ခက်ပြီ တာပေါ့ အဟိ အဟိ အဟိ......။
ကဲဟယ် ကဲဟယ် ကဲ....
နေကြပါဦး..... ဘာဖြစ်လို့ ရိုက်ကြတာတုန်း ဟ......။
အမြင်ကတ်လို့ ရိုက်တာ ရိုက်တာ.....။
ကိုချက်စူရေ မင်္ဂလာပါရှင်.....။
မင်္ဂလာပါ ညီမရေ....။ ဒါနဲ့ ညီမက ပရိတ်သတ်ကြီးကို အရင်ဆုံး ဘာသီချင်းလေးနဲ့ ကပြမှာလဲ ဆိုတာ သိပါရစေဗျာ။
-ညီမ ဖျော်ဖြေမယ့် သီချင်းလေးက ချက်တက်သံ ပါတဲ့ရှင်။
- ကဲ ကြားပါရစေလား ညီမရေ။

ချက်တက်သံ ချက်တက်သံ မလေး ချက်တက်သံ
ချက်တက်သံ တနိုင်ငံခြားက ကြားပါစ ကြားပါစ ပျို့ချစ်သူရှင့်
vzo ကို ဖွင့်ပါလို့ အာဘွားပေးမယ်ရှင် ပေးမယ်ရှင်...
ငယ်သူရွယ်တူ မလွတ်တမ်း ဖမ်းနိုင်မှ ရှင်  ဖမ်းနိုင်မှသရှင်.............။

လူရွှင်တော် တွေ စုံတုန်း ..... မြန်မာစာ ဘယ်လောက် အရေးကြီးတယ် ဆိုတဲ့ အကြောင်း ပြောရဦးမယ်.....
ပြောပါဦးဗျာ... အယ် နောက်နေတာ မဟုတ်ဘူး တကယ် အရေးကြီးတာ...မြန်မာစာဟာ ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ အရမ်းအရေးကြီးတာ...
နည်းနည်းလေး စာမှားဖတ်လိုက်တာနဲ့ ဆိုလိုရင်း အဓိပ္ပါယ် သဘောတွေ ကွဲလွဲ သွားတယ်ဗျ...
ဟုတ်ကဲ့ အမိန့်ရှိပါဦး... ကိုဖိုးရှုပ် ရဲ့
ဒီလိုဗျ ကျနော့်ဦးလေး ဘကြီး ဦးပြူး ဆိုတာ ရှိတယ်ဗျ...
တနေ့ တော့ ကျနော်က ကျနော့်ဘကြီး အိမ်အလည်သွားတယ်ပေါ့ဗျာ....
အိမ်က အမေ က လိပ်စာ ရေးပေးလိုက်တယ်ပေါ့တယ်ဗျာ.... ဦးကြီးပြူးနေတာ အပေါ်ထပ်... ဆိုပီး မသိမှာဆိုးလို့ကို သေချာရေးပေးလိုက်တာလေ...
အဲဒီက ကျနော်က ဘယ်လို ဖတ်သလဲ သိလား... ''' ဥကြီးပြူးနေတာ အာပေါဓာတ်...'''........
အဲဒီလိုလဲ ဖတ်ရော ကျနော့်အမေ ရဲ့ ခေါက်ခနဲမည်တဲ့ လက်သံဟာ ကျနော်ခေါင်းပေါ် ရောက်လာပါရောဗျာ.....ဟားဟားဟား...။

မြန်မာစာ ဆိုလို့ ကိုချက်စူ ရဲ့ ဖတ်ပုံလေးကို သွားသတိရတယ်....။
ကိုစုတ်ချွန်း  ရေ လူကြားထဲမှာ အဲဒီလို မြှောက်မပြောရဘူးလေ...။
ဒီလိုဗျ ကျနော်တို့ ကျနော်တို့ ငယ်ငယ်က သတင်းစာ အတူတူ ဖတ်ကြတာပေါ့ဗျာ...။ အဲဒီမှာ သတင်းစာ ခေါင်းကြီးပိုင်းမှာ ဘာရေးထားလဲ ဆိုတော့ ....
ဟစ်တာလာက တော်လှန်ပြီဟု ဆို..... မြင့်အောင်ကြည်....
အဲဒါကို ကိုချက်စူ  က ဘယ်လို ဖတ်တယ် ထင်သလဲ....
ဘယ်လို ဖတ်သလဲ...
ဟစ်တလာ ကတော် လှန်ပြီဟု ဆို.... မြင်အောင်ကြည့်တဲ့ .... ဟား ဟား ဟား......။

ကိုစုတ်ချွန်းရေ........ ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ရမယ် ဆိုတဲ့ဆိုရိုးစကားလည်း မရှိပေဘူးလားဗျ...။
အဲဒီတော့ ကျနော်တို့အဖွဲ့ တွေ ကတဲ့ ပွဲ သာပြီးသွားတယ် မှတ်သားစရာ တခုမှလည်း မကျန်ပါလားလို့
ပြောစရာလည်း ဖြစ်မှာစိုးရတယ်လေ...။
ဒီတော့ ကျနော်တို့ ပြောခဲ့ချင်တာက....။
ဓမ္မရုံ ကို အမှိုက်မထားနဲ့ ကာမဂုဏ် ကိုလည်း မလိုက်စားနဲ့
ဓမ္မာရုံ အမှိုက်ထားတော့ မီးလောင်တက်တယ်
ကာမဂုဏ် လိုက်စားတော့.....
ဘာဖြစ်လဲ ဘာဖြစ်လဲ
သူလည်း မီးလောင်တတ်တာပါပဲ.....။
ကောင်းရော ငါတို့က အကောင်းမှတ်လို့ နားထောင်နေတာ....။ မင်းကြီးတော်.... အဲလို မျိုး မီးလောင်လို့
ကတော့ မီးသတ်ပိုက် နဲ့ ကော့ ပန်းမှာဗျ....။
အမလေး လေး... လန့်စရာကြီးပါလား...။

အကိုတို့ရေ ဒီတခါ နောက်ဆုံး တပုဒ် အနေနဲ့  ညီမချစ်သူကို  ညီမအတွက် ခွါညို ပန်းလေးကို တယုတယ နဲ့ ခူးခဲ့ပါ ပန်ချင်ပါတယ်
ဆိုတဲ့ အကြောင်းကို ပြောပြတဲ့ သီချင်းနဲ့ ဒီလို ဖျော် ဖြေပြပါရစေ ရှင်.....။
ကြားပါရစေ နှမရေ....။

ကြူကြူမွှေးတဲ့ ခွါညိုပါ... လေယူရာတိမ်း ယိမ်းနွဲ့ရှာ.....
ချစ်သူကိုကို ခူးခဲ့ပါ ...... ပျိုပျို ပန်ချင်တာ.........
ပင်လုံးညွတ်တော့... ဖူးတံညှာ လေသွေးတဲ့ အခါ ရနံ့ဝေ ဆာ...
ခွါ ခွါ ညို ပန်းမှာ စိမ်းလဲ့ ညိုပြာပြာ.......
မွှေးလွန်းလှတဲ့ ရာသီပန်းမှာ ... ကညာမဒီ မြန်းဆင်ချင်တာ.....
လေယူရာသွေး ကြူကြူ မွှေးတာ မြတ်ပန်းခွါညိုပါ.......။

ကဲ ကျနော်တို့ အဖွဲ့ အခုလို အင်မတန် မှ ကျက်သရေ မင်္ဂလာ ရှိတဲ့ သီတင်းကျွတ် လ ညချမ်း အချိန် အခါ တခု မှာ အများပြည်သူကို ကပြခွင့်ရတဲ့ အတွက် အထူးကို ၀မ်းသာ မိပါတယ်ဗျာ....။
နောက်ဆုံးအနေနဲ့ ကျနော်တို့ ပရိတ်သတ်ကြီးကို အောင်ပါစေ ဆိုတဲ့ သီချင်းလေးနဲ့ နှုတ်ဆက် ဂါရ၀ ပြုကြပါစို့လားဗျာ.....။

အောင်ပါစေ (အောင်ပါစေ)...
ဇေယျတုနဲ့ချွေ သပြေနုခက်ဝေ... ရွှေရေချမ်းလောင်းလို့ တောင်းဆုပန်ချွေ...
ကမ္ဘာမြေ အမှီပြုတဲ့ လူထု အားလုံး ကျန်းမာ ချမ်းသာစေ.... (အောင်ပါစေသား အောင်စေသားဟေ့)...
မြန်မာနိုင်ငံတော်ဝယ် မင်းသူဌေးကုန်သည် .. လယ်ပိုင်ရှင်လယ်သမား... ဆင်းရဲသား မကျန်ပေ...
လိုရာဆန္ဒ ပြည့်ဝစေ အောင်ပါစေ.... ခေတ္တရာ သဘင် ရဲ့ စေတနာ မေတ္တာဝေ ... ဝေဖြာလှစ်ခါချွေ မြန်ပြည်တိုင်းအောင်
ကြံစည်တိုင်း အောင်ပါစေ..
စီးပွားရေးရယ် ကြီးပွားရေးရယ် သမီးရည်းစားရေးလည်အောင်ပါစေ...
ဇမ္ဗူတ၀ှမ်းလှူဒါန်းမယ့်သူတွေ (အောင်ပါစေ)... မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ (အောင်ပါစေ)...
ရွှေရေချမ်းလောင်းလို့လေ ကောင်းမြတ်တဲ့ မောင်မယ် မေတ္တာဝေ....

ထို့နောက် ဟာဒယ ရွှင်ဆေး တိုက်ကျွေးခဲ့ကြသည့် လူရွှင်တော်များ ဖြစ်ကြသည့် စုတ်ချွန်း၊ ဖိုးရှုပ်၊ ချက်စူ၊ ဒေးစစ် နှင့်
မင်းသမီး နန်းကလျာမြ တို့ ပရိတ်သတ်ကို လက်အုပ်ချီဂါရ၀ ပြုကာ ခွဲခွါ ခြင်း အထိမ်းအမှတ် လက်ရမ်း၍ နှုတ်ဆက်နေပါတော့သည်။
ထို့နောက်တွင်တော့ ကြက်သွေးရောင် ကန့်လန့်ကာကြီး တအိအိဖြင့် ကျလာကာ ခေတ္တရာ ရင်ခွင်ကို အလှဆင်မယ့် "'  အများနွှဲပျော်မယ့် သီတင်းကျွတ်ပွဲ '''' အငြိမ့်ခန်း တခန်း ရပ်နား လိုက်တော့သည်။

********************************************
ပြီးပါပြီ။

မေမေ ပျိုးသော ပန်းတစ်ပင် အပိုင်း ၎

Saturday, June 12, 2010
ဂိုးလ်ဒင်ဘယ်လီ ဆိုသော အသံကို ကြားရ၏။ အင်းလျားမြိုင် ဆိုတာ ပါသည်။ ခြောက် မိုင်၊ အာတီးယား၊ ပြည်လမ်း၊ ပါရမီ။ တိမ်တိုက်ပေါ်၌ တည် ဆောက်ထားသော ဘုံဗိမာန်များကို ၀င်းဝင်းလျှပ်လျှပ် မြင်ယောင်လာမိသည်။ “ပါရမီ မသီနှင့် ဘုံခန်း မစမ်းနှင့်” ဟူ သော ကျောင်းတုန်းက မြန်မာစာ ဆရာ၏ အဆိုအမိန့်ကို မဆီမဆိုင် သတိရနေမိသည်။ “သင်းအောင် မင်း စိတ်ကူး မလွဲနဲ့။ ရန်ကုန်မှာ မြေတစ် ကွက်လောက်ဝယ်ပြီး အခြေချ ထားဖို့ ကောင်းပြီ”
ထစ်ချုန်းမြည်ဟိန်း လိုက်သော အောင်ဘ၏ အသံကြောင့် သူထိတ်လန့်သွားသည်။ ကြက်သီးတွေ တဖြန်းဖြန်း ထလာ၏။ ထူအမ်းအမ်း ဖြစ်လာသော မျက်နှာကို လက်ကိုင် ပ၀ါဖြင့် ပွတ်ရင်း ဖုံးကွယ်ထားရ၏။

တုန်ခါမှုနှုန်း မြင့်မားလှ သော အောင်ဘ၏ အသံစူးစူး ကို ဆက်လက် ကြားနေရ၏။
“ဘာလဲ ပင်စင်ယူပြီးမှ ၀ယ်မယ်လို့ ဆင်ခြေ ပေးဦးမလို့လား။ မြေကွက်ဈေးနှုန်းက မင်းပင်စင် ယူတဲ့ အထိ ငြိမ်ပြီး စောင့်နေမှာ မဟုတ်ဘူးကွ။ စဉ်းစား မနေနဲ့ ၀ယ်ထားရင် မမှားဘူး။ မင်းကြိုက်တဲ့ နေရာပြော တို့ဝိုင်းရှာပေးမယ်။ ဘယ်နေရာ ကြိုက်လဲ ခြောက်မိုင်မှာလား။ ပါရမီမှာလား”

နှုတ်ဖြင့် ဖြေရန် အတွက် စကားဝါကျ ခေါင်းပါးလွန်းလှ၏။ ရင်ထဲကမူ စကားတွေ အများကြီး ပြောနေမိသည်။ ဘယ်လို ဖြေရမှာလဲ သူငယ်ချင်းရယ်။ မင်းပြောတဲ့ မြေကွက်က တစ်ပေကို ဘယ်လောက်နှုန်း ပေးချေရမှာတဲ့လဲ။ မြေတစ်ပေ ပတ်လည်ပေါ်မှာ အိမ်တစ်လုံး ဆောက်လို့ရော ရနိုင်ရဲ့လား။ ရနိုင်တယ် ဆိုရင် အဲဒီအိမ်က သေးသေးလေး နေမှာပေါ့နော်။ တို့ ငယ်ငယ်က ကစားခဲ့ကြတဲ့ ပလတ်စတစ် အုတ်ချပ် အဖြူအနီ လေးတွေနဲ့ အိမ်ကလေးမျိုး ဖြစ်မယ်ထင်တယ်။ အဲဒီ အိမ်ကလေးထဲကို ၀င်နိုင်ဖို့ အတွက် ငါ့ကိုယ်ငါ ငလက်မလို လူသေး သေးလေး ဖြစ်သွားအောင် ဖန်ဆင်းရမှာပေါ့နော်။
အို ဖန်ဆင်းဖို့ရော လိုသေးရဲ့လားကွယ်။

ဝီစကီကြောင့်လား၊ သိမ်ငယ်စိတ်ကြောင့်လား မသိ၊ မူးရိပ်မူးရိပ် ဖြစ်လာသည်။ ရင်ထဲမှ တလှပ်လှပ် ခုန်လာ၏။ လည်ချောင်းထဲမှ ယားလာသည်။ ပျို့အန်ချင်စိတ် ပေါ်လာသဖြင့် ရင်ကိုလက်ဖြင့် ဖိထား၏။ တင်မောင်သန်း၏ အီကိုနိုဂျီနစ် ကာစီနိုးမား ရောဂါကို သွားသတိရသည်။
ဇလုံထဲတွင်ကား ရေခဲတုံး အားလုံး အရည်ပျော်လျက် ရှိလေပြီ။

(၃)
ကြိုးအဆင်း အတက် သွက်လက်စေရန် အတွက် သစ်သား စက်သီးကို ရေနှစ် ခွက်ခန့် ပက်လိုက်သည်။ ဒူးတိုက်ပေါ်တွင် လက် ထောက်ရင်း တွင်းထဲသို့ ငုံ့ကြည့်၏။ မိမိ ပုံရိပ်ကို မှုန်ပျပျ သွားမြင်ရသည်။ မိမိတို့ မြို့လေးမှ ရေတွင်းများသည် နွေရာသီဆိုလျှင် ဤသို့ပင် ရေစ ဝေးတတ်မြဲ ဖြစ်၏။
ကြိုးကို လျှော့ချလိုက်၏။ ပုံးနှင့်ရေ မျက်နှာပြင်တို့ ထိသံ ကို ကြားရသည်။ ပုံးမြှုပ်သွားအောင် ကြိုးကို တစ်ချက် နှစ်ချက် ဆောင့်လိုက်ပြီးမှ အားစိုက်၍ ဆွဲသည်။ စဥ့်အင်တုံကြီးထဲသို့ ရေတစ်ပုံးပြီး တစ်ပုံး လောင်းထည့်နေသည်။

“သားကလည်းကွယ် မေမေ ရေစည်မှာ ထားပါတယ် ပြောသားနဲ့ အလကား ဒုက္ခခံ နေတယ်။ လက်တွေများ ပေါက်ကုန်မှဖြင့်”

မေမေ့အသံကို ကြားရ၏။
“မေမေ ချိုးဖို့ရေကို သား ကိုယ်တိုင် ဆွဲပေးချင်လို့ပါ မေမေရဲ့”

စဥ့်အင်တုံကြီးထဲတွင် ရေပြည့်သွားမှ သူနားသည်။
မေမေ ဖတ်ခိုင်းထားသော တောင်မြို့ဂန္ဓာရုံ ဆရာတော်၏ “တစ်ဘ၀ သံသရာ” စာအုပ်ကို သူဖတ်နေ၏။ မေမေက သူ့အနီးမှ ပက်လက် ကုလားထိုင်တွင် လာထိုင် သည်။
“ဖိုးထောင်တို့၊ အောင်ဘတို့နဲ့ သား တွေ့သေးရဲ့လား”

“တွေ့ပါတယ် မေမေရဲ့။ ရန်ကုန် ရောက်တိုင်း တွေ့ပါတယ်”

“အေးကွယ် မနေ့က ဒေါ်ဥကြီး ပြောလို့ သူတို့လေးတွေ ကြီးပွား နေကြတယ်ဆိုတာ ကြားရတော့ ၀မ်းသာပါတယ်။ ဒါနဲ့ ဖိုးထောင်က ရန်ကုန်ကို ဘယ်လို ရောက် သွားတာလဲ။ သူက အမှုထမ်း မလုပ်ဘူးလား”

“ဒီကောင်က မန္တလေး တက္ကသိုလ်မှာ ပထမနှစ် အောင်ပြီးကတည်းက ကျောင်း ဆက်မတက်ဘဲ ရန်ကုန်ဆင်း သွားတာ မေမေရ။ အမှုထမ်း လည်း လုပ်တယ်လို့ မကြားမိ ပါဘူး။ ခုတော့ သင်္ဘော လိုက်နေတော့ ဟန်တာပေါ့ မေမေရာ။ ရန်ကုန်မှာ တိုက်နဲ့၊ ကားနဲ့ သားတို့နဲ့ ဘာဆိုင်တော့တာ မှတ်လို့”
နံရံတွင် ချိတ်ဆွဲထားသော ဖယောင်းတိုင်ပုံ ကားချပ်ကို သူငေးကြည့်နေမိ၏။

“လူကလည်း အသုံးစွဲ ကျစ်လျစ် လိမ္မာလို့ပေါ့ သားရယ်။ အောင်ဘကြီးကိုတော့ မေမေ မတွေ့တာ ကြာလှပြီ။ ခုနေများ တွေ့ရင်မှတ်မှ မှတ်မိပါ့မလား မဆိုနိုင်ဘူး”

“ဒီကောင်ကြီးက ရုပ်မပြောင်းဘူး မေမေရ။ နည်းနည်း ၀လာတာပဲ ရှိတယ်။ မေမေမ တွေ့တာကြာဆို ဒီကောင်က ရှစ်တန်းအောင်ပြီးတာနဲ့ ကျောင်းကထွက်သွား တာဆိုတော့ ဆယ့်ငါးနှစ် လောက်တောင် ရှိသွားပြီ မေမေရ။ အဲဒီကတည်းက စီးပွားရေး လုပ်နေတာ ကြီးပွားလိုက်တာတော့ မပြောနဲ့ မေမေရာ။ အခု ဒီကောင်က ကားပွဲစားလေ”

“ကားပွဲစား”

မေမေက နားမလည်နိုင် ဟန်ဖြင့် မေး၏။
“မေမေကလည်း ကားပွဲစားဆိုလို့ လွယ်အိတ် တစ်လုံးနဲ့ လမ်းပေါ်မှာ လျှောက်နေတဲ့ ပွဲစားမျိုးလို့ မထင်နဲ့။ ဒီမှာ ထန်းလျက်တွေ လှောင်သလို ကားတွေ အများကြီး လှောင်ထားနိုင်တဲ့ ပွဲစားမျိုး မေမေရ။ အရမ်းကို ချမ်းသာတာပဲ။ သားဖြင့် သူ့တိုက်ထဲ ၀င်ရတာတောင် ခပ်ရွံ့ရွံရယ်”
အမှန်လည်း ရန်ကုန် ရောက်တိုင်း အောင်ဘ၏ တိုက်ရှေ့မှ နေ့စဉ်ဖြတ်သွား နေရပါလျက် ၀င်ဖြစ်ခဲလှ၏။ နေရင့်လာသဖြင့် အပူဓာတ် အနည်းငယ် လွှမ်းမိုးစ ပြုလာသည်။ အရှေ့တောင် အရပ်ဆီမှ တသုန်သုန် တိုက်ခတ်လာသော ကျွဲတောင်ငူ လေကလေးကြောင့် အနည်းငယ် သက်သာရာရ၏။
လှုပ်ရှားသွားသော သင်္ဘော ရွက်များကို မြင်ရ၏။ ပင်စည်တွင် တွယ်ကပ်နေ သောသင်္ဘောသီးများ၏ အရွယ် အစား အလိုက် အဆင့်ဆင့် တည်နေပုံ အဆင်ဒီဇိုင်းကို သူ စိတ်ဝင်စားစွာကြည့်နေမိသည်။

အိမ်ရှေ့လမ်းပေါ်မှ မြင်းလှည်း တစ်စီး ရပ်လိုက်သံကို ကြားရ၏။
“နှင်းရီတို့၊၊ ဖိုးသားတို့ ပြန်လာကြပြီ ထင်တယ်”

သူအိမ်ရှေ့သို့ ထွက်လာခဲ့၏။ မြင်းလှည်းပေါ်မှ ပစ္စည်းများကို အောက်သို့ချသည်။ ဧရာမ ဖရဲသီးကြီး တစ်လုံးကို နှင်းရီက ပွေ့ထား၏။မြင်းလှည်း ဆရာက ပစ္စည်းများကို သယ်ဆောင် ပေးနေသဖြင့် ကျေးဇူး တင်မိ၏။ ဖိုးသားကို ချီပြီး အိမ်ထဲသို့ ၀င်ခဲ့၏။ မေမေက ဖိုးသားကို လက်ကမ်းယူပြီး ပွေ့ချီထား၏။
နှင်းရီက ရွာမှာ ဒီနှစ် ကုလားပဲတွေ ရကြကြောင်း ပြောပြနေသည်။ စကားစ ပြတ်သွားသဖြင့် ဖတ်လက်စ စာအုပ်ကို ပြန်ကိုင်လိုက်၏။
“မြေးလေး ဒီနေ့ ဆယ့်နှစ်အလီ ထိရအောင် ကျက်ရမယ်နော်။ ဘွားဘွားက မြေးလေးဖို့ ပန်းသီးလေးတွေ စိတ်ထားတယ်။အလီ တစ်ပုဒ်ရရင် ပန်းသီးတစ်စိတ် စားရမယ်”

ဖိုးသားက သူ့ဘွားဘွား၏ လျော့ရဲစ ပြုနေပြီဖြစ်သော ပါးပြင်ကို မွှေး၏။ နှင်းရီက မြေးအဘွား နှစ်ယောက်ကို ကြည့်ရင်း ကြည်နူးဟန်ဖြင့် ပြုံးသည်။
သူက မေမေ့ကို ကျီစယ် လိုသောကြောင့် အရွှန်းစကား ဆိုလိုက်သည်။
ခုလည်း ဖိုးသားကို ပန်းသီးစိတ်တွေ ကျွေးနေပြန် ပြီလား”

ပြောပြီးသည်နှင့် သူက ရယ်မောလိုက်၏။ မေမေက လိုက်မရယ်ချေ။ ချစ်၍ ကျီစယ် လိုက်သော စကားဆိုသည်ကို သိ၏။ သို့သော် ဆရာမကြီး မေမေသည် သူတစ်သက်တာလုံး စွဲမြဲစွာ ယုံကြည်ခဲ့သော အကြောင်းအရာကို ထိပါး လာပါက စိုးစဉ်းမျှ သည်းခံနိုင်စွမ်း ရှိဟန် မတူပေ။ မေမေ့မျက်နှာ မှာရုတ်ချည်း တင်းမာသွားသည်။ အေးစက်သော မျက်လုံးများ ဖြင့် သူ့ကိုကြည့်၏။ ထို့နောက် သူ့ နှလုံးသားတိုင် ထိရိုက်ခတ် သွားစေသော စကား တစ်ခွန်းကို မေမေဆိုလိုက်၏။
“မေမေ့ နားရွက်ကိုများ ကိုက်ဦးမှာလား သားရယ်”


မြတ်သင်း

မေမေ ပျိုးသော ပန်းတစ်ပင် အပိုင်း ၃

“ဒီလို ထိုက်ထိုက်တန် တန် လုပ်ပါကွ”
ကုလားထိုင်လွတ် တစ်လုံး၌ အောင်ဘ ထိုင်သည်။

“မင်းတို့ ဘာတွေမှာ ထားကြလဲ”

“ဟိုဟာ ဒီဟာ ဘာညာ ကွိကွပေါ့ကွာ”

ဖိုးထောင်၏ အသံသည် ဖျော့တော့ ပါးလျလျက်ရှိ၏။
“ဟေ့ သူတို့ မှာထားတာတွေ အကုန်လုံး ရပ်ပစ်လိုက်တော့”

စားပွဲထိုးက ရိုသေစွာ ဦးညွတ်ပြသည်။
“ဖတ်စကလပ် တစ်ပွဲ လုပ်ကွာ။ တဲင်းန် ကို့စ်ပေါ့၊ ငါးမန်းတောင် ကြက်ကော်ရည်နဲ့ ၀က်ကလေး ကင်တော့ပါ ပေ့စေ။ သြော် ပွဲသိမ်း အချိုရည်က လိုက်ချီးစ်ဘူး ဖောက်ပေး၊ ဘူးနော်ဘူး။ ပေါင်းထားတဲ့ လိုကယ်တွေ ယူမလာခဲ့နဲ့”

ဟင်းလျာ ဆယ်မျိုးပါသော ပထမတန်းစား တစ်ဝိုင်းစာ မှာနေခြင်းဟု နားလည် လိုက်၏။ ဖန်ခွက်ကို သူ လှမ်းယူလိုက်သည်။ ၀ီစကီကောင်း တို့၏ အရည်အသွေး တစ်ရပ် ဖြစ်သော ချောမွေ့ ညက်ညောခြင်းကို လျှာဖြင့် ထိတွေ့ခံစား နေမိ၏။
“တို့ သူငယ်ချင်းတွေထဲမှာ မင်းတစ်ယောက်ပဲ ဆရာဝန် ဖြစ်တာကွ။ မင်းအတွက် ငါ သိပ်ဂုဏ်ယူတယ်”

ဦးစောညိန်း၏ ပွင့်ဦး သီချင်းကို ကြားယောင်မိသည်။ “လှောင်တာလေလား နော်ကွယ်” ဟူသော အပိုဒ် ကလေးကို ညည်းညူသံဖြင့် ရွတ်ဆိုချင်စိတ် ပေါ်လာ၏။ အောင်ဘ၏ မျက်နှာကို မလုံမလဲ ကြည့်မိ၏။ မျက်လုံးမှာ၊ လေသံမှာ လှောင်ပြောင်ရိပ်ကို မတွေ့ရ။ ချစ်ခင် လေးစားသော အကြည့်၊ လှိုက်လှဲသော အသံတို့ စေတနာမှန်ဖြင့် ပြောသော စကားဟု ယုံကြည်စိတ် ချကာ အနည်းငယ် နေသာ ထိုင်သာ ရှိသွားသည်။ ဇလုံထဲမှ ရေခဲကြီးကြီး တစ်တုံးကို ယူ၍ ဖန်ခွက်ထဲ ထည့်လိုက်၏။ ဖန်ခွက်ထဲတွင် ကျောက်ဆောင်နှင့် ရွှေဝါရောင် လှိုင်းဂယက်နှင့် လှပသော သမုဒ္ဒရာ တစ်စင်း ပေါ်ထွန်းသည်။ ဖိုးထောင်က အောင်ဘဘက်သို့ စောင်းငဲ့၍ တစ်စုံ တစ်ရာပြောသည်။ အောင်ဘ ကလည်း ပြန်ပြော၏။ မိမိနှင့် ဝေးလှမ်းလှသော ဘာသာ စကားများ ဖြစ်သဖြင့် ခပ်မ ဆိတ်နေလိုက်၏။

တိုယိုတာ ကိုရိုလာ ဒီအိတ်က်စ်၊အက်စ်အီး၊ စပရင်တာ၊ ဟိုက်လပ်၊ ပတ်ဘလစ်ကာ၊ နီဆန်းပရက်စတို၊ ဆန်နီ။ ဖူဂျီယာမာ နှင်းပွင့်တောင် ထိပ်သို့ သူရောက်သွား၏။ အရိုးခိုက်အောင် အေးမြသော လေက တဟူးဟူး တိုက်ခတ်နေသည်။ နံပါတ်အနက်၊ နံပါတ် အနီ၊ ယာယီ နံပါတ်၊ ပါမစ် ၀ယ်ခြင်း။
“ဟေ့ သင်းအောင်၊ မင်းလည်း တစ်စီးလောက် ဆွဲထားလိုက်ပါလား။ ကိုရိုလာ (ဈ)မျဉ်းဆွဲလောက် ဖြစ်ဖြစ်ပေါ့”

ဖိုးထောင်က ရုတ်တရက် သူ့ဘက်သို့ လှည့်ပြီး ပြော၏။ ရင်ထဲတွင် ပွန်းရှသွားသည်။
“မ၀ယ်နိုင်ပါဘူး သူငယ်ချင်းရာ၊ ကိုယ့်မှာ ဒီလောက် ငွေအင်အား မရှိပါဘူး”

အသံမှာ သေချာစွာ နားစိုက်ထောင်မှ ကြားနိုင်ရုံ ယဲ့ယဲ့လေး ဖြစ်သည်။
“ချိုမနေစမ်းပါနဲ့ကွာ။ ဂျီပီ လုပ်လို့ ရတဲ့ ပိုက်ဆံတွေ ဘယ်သွားထားမှာလဲ”

စားပွဲ အံဆွဲ အတွင်းသို့ ကျဆင်းလာသည့် စိုထိုင်း၍ ငါးညှီ နံ့သင်းသော ကျပ်တန် နွမ်းနွမ်းလေးများ၊ စားပွဲပေါ် တင်ထားသည့် နွားနို့ တစ်ပုလင်း၊ ကြက်ဥငါးလုံး၊ ကောက် ညှင်းဆန်တစ်ပြည်။ ဘောဂ၀တီ မြစ်ကမ်းနံဘေးမှ ဆေးခန်းလေး အတွင်းသို့ သူပြန်လည် ရောက်ရှိသွား သည်။
“ကိုယ့်လူနာတွေက ဆင်းရဲကြပါတယ်ကွာ”

ဇလုံထဲမှ ရေခဲသေးသေးလေး တစ်တုံးကို ယူ၍ ဖန်ခွက်ထဲ ထည့်လိုက်၏။ စကား ပြတ်သွားကြသည်။ ဆိတ်ငြိမ်မှုသည် ပွင့်ဖတ်နွမ်းလျသော ပန်းတစ်ခြင်းကို သယ်ဆောင်လာပြီး သူတို့ သုံးဦး အပေါ်သို့ ဖြည်းညင်းစွာ ကျဲဖြန့်ပေးလျက် ရှိ၏။

“မင်းက အလုပ်မလုပ် တတ်ဘူး ထင်ပါရဲ့ကွာ”
အားမလို အားမရအသံ ဖြင့် အောင်ဘက ပြော၏။ အေဂျေကရိုနင်၏ ယုဒ သစ်ပင် ၀တ္ထုထဲမှ စည်းစိမ် အဆိပ်သင့် ရှာသူ ဆရာဝန် ဒေးဗစ်မိုရေး၏ ကြေကွဲဖွယ် ဘ၀နိဂုံးကို သတိရမိသဖြင့် ကျောရိုး တစ်လျှောက် စိမ့်သွားသည်။

မိုးခါးရေ သောက်ရန် အတွက် ဟစ်ပိုကရေးတီး၏ ကတိသစ္စာကို ချိုးဖောက်ဝံ့ပါရဲ့လား။ မိမိလျှောက်လာရာ လမ်းလေးကို ပြန်လှည့်ကြည့်မိ၏။ ဆင်းရဲ ငြိုငြင်၍ ခရီးမတွင် သော်ငြားလည်း ဤလမ်းလေးတွင် တစ်ကိုယ်ကောင်းဆန်မှု၊ ကျင်းချိုင့်များ မရှိ။ ချစ်ခင်မှု သစ်ပင်တို့၏ အရိပ်များ ရှိ၏။ ကောက်ကျစ် စဉ်းလဲမှု ထောင် ချောက်များလည်း မရှိ။ ကြင်နာမှု ကျေးငှက်တို့၏ တေးသံ ချိုချိုရှိ၏။ ရောင့်ရဲ တင်းတိမ်မှု ရေချမ်းစင်ကလေး ရှိ၏။ ထို့ပြင် လိပ်ပြာ သန့်သူတို့သာ မြင်တွေ့ ခွင့်ရသော တောင်စဉ် တောင်တန်းများလည်း ရှိလေသည်။

စိတ်နှလုံး အေးမြငြိမ်းချမ်း စေသည်မို့ ဤလျှောက်လက်စ လမ်းကလေးမှာပင် ဆက်လက် လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည်။
ကြက်သား၊ မျှစ်ဆိမ့်ကြော် ပန်းကန်ပေါ်သို့ ၀ဲသွားသော ဖိုးထောင်၏ လက်ထဲမှ တူနှစ်ချောင်းကို ငေးကြည့် နေမိ၏။ ငယ်စဉ် ကလေး ဘ၀က ကြည်နူးဖွယ်ရာ အဖြစ်အပျက်များကို လွမ်းမော တသစွာ ပြန်ပြောနေမိကြ၏။ ထို့နောက် စကားပြတ်သွား၏။ ဖိုးထောင် မျက်နှာ အောင်ဘဘက်သို့ လှည့်သွားပြန်သည်။ မြေကွက် အရောင်းအ၀ယ် ကိစ္စကို ဖိုးထောင်က စကားစ၏။ အောင်ဘနှင့် အချီအချ ပြောနေကြ သည်။ မိမိနှင့် ဝေးလှမ်းလှသော စကား တစ်ရပ်ကို ထပ်မံ၍ ကြားရပြန်ပြီ ဖြစ်၏။ သူ ခပ်မ ဆိတ်နေရပြန်သည်။

မေမေ ပျိုးသော ပန်းတစ်ပင် အပိုင်း ၂

ဖိုးထောင် လိမ္မာပုံကို သူ အားကျသွားမိသည်။ သင်္ကြန်တွင်းမှာ လုပ်မည့် မေမေ့ဆွမ်း ကျွေးအတွက် ပြန်စရိတ်ကို ချိန်ဆရင်း ငွေနှစ်ရာ ထည့်ရန် စိတ်ကူးထားသည်မှာ နည်းလွန်းနေသလားဟု သူ တွေးနေမိ၏။ ဒေါ်ဒေါ်ဥကား သူ့လုပ်ငန်း သဘာဝအရ အိမ်တိုင်းသို့ ၀င်ထွက်ခွင့်ရသူ ဖြစ်ရာ မြို့လေးမှ သတင်းမျိုးစုံကို ကြားသိနေခဲ့ပေသည်။ ဒေါ်ဒေါ်ဥသည် သူနှစ် သိမ့်ကြည်နူးမိသော သတင်း တစ်ပုဒ်ကို ဆက်လက် ပြောဆို လျက်ရှိ၏။ “ဈေးပိုင်းက မဌေး ရဲ့သား မောင်အောင်ဘကတော့ မြို့ကို အလည်ပြန်လာရင်း သူ့ အမေအိမ်ကို ပြင်ဆောက်ပေးသွားတယ်။ အုတ်ခံအိမ်ကြီးကို ဟိန်းနေတာပဲ ဆရာမကြီးရယ်”

ရေနံ ငတ်နေသဖြင့် မွဲခြောက်ခြောက် နေသော နံရံ ပျဉ်ချပ်များကို သူငေးကြည့် နေမိ၏။ သည်တစ်ခေါက်တော့ ဈေးကြီးလွန်း၍ ရေနံချေးချည်း မတတ်နိုင်သည့်တိုင် ဒီဇယ်နှင့် ရောလို့ပဲ ဖြစ်ဖြစ် မေမေ့ အိမ်လေးကို ရေနံ သုတ်ပေးသွားရန် သူဆုံးဖြတ်လိုက်၏။
“အဲဒီမောင်ဖိုးထောင် ရော၊ မောင်အောင်ဘရောဟာ ကျွန်မ တပည့်တွေပဲ”
မေမေက ဆရာမကြီး ပီပီ လိမ္မာသော တပည့်များ အတွက် ဂုဏ်ယူ ပြောဆိုလိုက်၏။

သူ၏ ခုန်နှုန်း မြန်လာသော နှလုံးသားကလည်း တိတ်ဆိတ်သော စကားတစ် ခွန်းကို ဟစ်ကြွေးလိုက်သည်။
အဲဒီ ဖိုးထောင်တို့၊ အောင်ဘတို့ဟာလေ ကျွန်တော့် သူငယ်ချင်းတွေပါပဲ ဒေါ်ဒေါ်ဥရယ်။
_ _ _
ထင်းရှူးပင် ပုလေးများ၏ အပ်ချောင်းလို ချွန်မြသော ရွက်သေးမျှင်မျှင် အကြားတွင် ရောင်စုံ မီးလုံးများ ပြိုးပြက် တောက်ပနေကြ၏။ စိမ်းလဲ့လဲ့ မြက်ခင်းပေါ်တွင် ခင်းသန့် ဖြူဖြန့် လွှာထားသော စားပွဲဝိုင်းများ အစီအရီ ရှိနေသည်။ ဥရောပ ၀တ်စုံ ၀တ်ထားသော စားပွဲထိုးများက အဖျော် ယမကာနှင့် စားမြိန်စာများ တင်ထားသော လင်ပန်းများကို သယ်ဆောင်လျက် စားပွဲ တစ်ခုမှ တစ်ခုသို့ လိပ်ပြာလေးများ သဖွယ် တုံ့ခေါက်လူးလာ ပျံဝဲ နေကြ၏။
အသံ အိမ်များထဲမှ ငြိမ့်ညောင်း သာယာစွာ စီးဆင်းလာသော အိပ်မက်ဝိုင် တေးသွားကို ယစ်မူးစဖွယ် ကြားနေရ၏။

“အောင်ဘကြီးကို စောင့်ရင်း ဖြည်းဖြည်း စလိုက်ကြစို့လား”

ဖိုးထောင်က စီးကရက် ကြော်ငြာ စာတမ်း ရှည်ပါသော ဖန်ခွက် နှစ်လုံးကို အနီးသို့ ဆွဲယူလိုက်၏။ သူနှင့် ဖိုးထောင်တို့ နှစ်ဦးသား မိုးမခမြိုင် စားတော်ဆက်သို့ အရင်ရောက်နှင့် နေကြသည်။ အောင်ဘက ဧည့်ခံပွဲ တစ်ခု ရှိနေသဖြင့် နောက်ကျမည်ဟု ဆို၏။ ရမ်ပုလင်း စက္ကူပတ် ပေါ်မှ ဘီယာရာပြည့် တံဆိပ်ကို သူ ငေးကြည့်နေမိသည်။ ဖိုးထောင်၏ မျက်နှာပေါ်သို့ အကြည့် ရွေ့လိုက်၏။

“မင်း ဘယ်နှစ်ခေါက် ရှိသွားပြီလဲ”

“နှစ်ခေါက်”

“ပထမ တစ်ခေါက်က အချိန် ဘယ်လောက်ကြာလဲ”

“တစ်နှစ်”

ပုစ္ဆာ တစ်ပုဒ်ကို သူတွက် နေမိသည်။ တစ်နှစ်ကား တစ် စီး၊ အောက်ထစ် ကျပ်ငွေတစ်သိန်း။
“တို့အလုပ်က စွန့်စွန့်စားစား ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်ပါ သင်းအောင်ရာ။ အောင်ဘကြီး အလုပ်ကမှ ဟန်ကျတာကွ။ ဘာမှ လူမပင် ပန်းဘူး။ ဒီကောင်ကြီးက တကယ်ကို ချမ်းသာနေပြီ”

အင်းလျားလမ်းတွင် ရှိသော အောင်ဘအိမ်သို့ ရောက်ခဲ့စဉ်က မြင်ကွင်းကို သူ သတိရ မိ၏။ ဂေါက်ရိုက် လေ့ကျင့်ရန် အလှ မွေးထားသော မြက်ခင်း စိမ်းစိမ်း၊ ရေသူမ ရုပ်လေး၏ လက်ချောင်းများ အကြားမှ ဖြာထွက်နေသော ရေပန်းများ၊ ကျွန်းသား ပါကေးကြမ်းပြင် ပေါ်မှ ရိတ်သိမ်း၍ ရနိုင်လောက်အောင် အမွှေးအမျှင် ရှည်လျား အိထွေးသော ကြမ်းခင်း ကော်ဇော။

စုပ်မျိုလိုက်သော ယမကာ တစ်ကျိုက်၏ ခါးသက် သက်အရသာကြောင့် ဖက်ထုပ်ကြော် တစ်ခုကို ၀ါးနေလိုက်သည်။
“ဟော အောင်ဘ ရောက်လာပြီ”

တုိက္ပံု အက်ႌအျဖဴ၊ ရွပ္အက်ႌ ကော်လာကတုံးနှင့် စိမ်းပြာရောင် ရခိုင်လုံချည် တို့ကို ၀တ်ဆင်လျက် လှမ်းဝင်လာသော အောင်ဘကို တွေ့လိုက်ရ၏။
“အိတ်ကျူစ်မီ သူငယ်ချင်း၊ အင်းလျားလိပ်မှာ လုပ်တဲ့ သတို့သားရဲ့ ဧည့်ခံပွဲက တန်းလာခဲ့ရတာ။အ၀တ်အစားတွေပဲ ကြည့်တော့”
သူရော ဖိုးထောင်ပါ ခွင့်လွှတ်ပြုံး ပြုံးလိုက်ကြသည်။

“မင်း ရန်ကုန်ရောက်တယ် ကြားကတည်းက ငါ ဖိုးထောင်ကို အချိန်း ခိုင်းနေတာ။ ဒီကောင်ညံ့လို့ ဒီနေ့မှ ဆုံဖြစ်တာ”

အောင်ဘက ကမ္ဘာကြီး တစ်ခုလုံးကို အိတ်ထဲတွင် ထည့်ထားနိုင် သူတို့၏ အသံမျိုးဖြင့် ပြော၏။
“ငါလည်း နေ့တိုင်း ဆက် တာပဲကွ။ သူတို့ ရုံးဖုန်းက အမြဲတမ်း အင်ဂေ့ဂ်ျ ဖြစ်နေတာ ဆက်လို့ကို မရဘူး”

စားပွဲထိုးများ အောင်ဘ အနီးသို့ အလုအယက် ချဉ်း ကပ်လာကြ၏။ အောင်ဘက သူတို့ကို လှည့်မကြည့် စားပွဲပေါ်မှ ရမ်ပုလင်းကိုသာ စူးစိုက် ကြည့်သည်။
“ဟေ့ ဖိုးထောင်၊ ဘယ်လိုလဲကွ။ သူငယ်ချင်း ဆရာဝန်ကြီး တစ်ယောက်လုံးကို ဧည့်ခံတာတောင် ဒီအရက်မျိုးနဲ့ပဲလား”

အောင်ဘက စားပွဲပေါ်မှ ရမ်ပုလင်းကို ဆတ်ခနဲ လှမ်းယူလိုက်၏။ ပုလင်းပိတ် ၀က်အူရစ်ကို လှည့်ဖွင့်နေသည်။ ထို့နောက် ပုလင်းထဲမှ အရက်များကို စောင်းငဲ့ သွန်ချပစ် လိုက်၏။ ပတ္တမြားရောင် ရေတံ ခွန်ငယ် တစ်ခု စီးသွယ်ဖြာကျလျက် ရှိသည်ကို လှပစွာ မြင်တွေ့ရ၏။ သင်းအောင်က ဖိုးထောင်၏ မျက်နှာကို ကြည့်လိုက်သည်။ ဒေါသရိပ်ခြည် စွန်းထင်းခြင်း မရှိ။ ကျေနပ် အားရမှုကြောင့် ပွင့်လက်လာသော အပြုံးရိပ်ကိုသာ မြင်တွေ့ရ၏။ အောင်ဘက အရက် ကုန်သွားသော ပုလင်းခွံကို မြက်ခင်းပေါ်သို့ ပစ်ချလိုက်၏။ သံတမန် အိတ်ကို ခလုတ်နှိပ် ဖွင့်သည်။ တံဆိပ်နက် ၀ီစကီ တစ်လုံးကို ထုတ်ယူပြီး စားပွဲသို့ အသံမြည်သွားအောင် ဆောင့်ချလိုက်၏။

မေမေ ပျိုးသော ပန်းတစ်ပင်

၁၉၈၉ ခုနှစ်၊ ဧပြီလထုတ် ပေဖူးလွှာ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀ထ္ထုတို ဖြစ်ပါသည်။ ဖိုးထောင်၊ အောင်ဘ၊ သင်းအောင်ဆိုသော ငယ်သူငယ်ချင်း သုံးဦးနှင့် ကျောင်းဆရာမကြီး တစ်ဦးတို့ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ပါသည်။ အနှစ် (၂၀)ကြာ မြင့်ခဲ့ပြီ ဖြစ်သော်လည်း ဆရာမြတ်သင်း၏ ၀ထ္ထုတို ကလေးသည် လတ်ဆတ်သော ခံစားမှုနှင့် တွေးစရာ ဆင်ခြင်စရာများကို ပေးနိုင်ဆဲ ဖြစ်သည်ဟု ယုံကြည်သည့် အလျောက် “ခေတ်မရွေးတဲ့စာ” အဖြစ် ထပ်မံပုံနှိပ် ဖော်ပြလိုက်ပါသည်။
အယ်ဒီတာ
 မန်ကျည်းရွက် စိပ်စိပ်တို့၏ အရိပ် ကြဲဖြန့်ထားသော မြေတလင်းဝယ် သူထိုင်နေမိသည်။ ဤနေရာကား ငယ်စဉ်က သူစာကျက်ခဲ့ရာ နေရာလေး တစ်ခုပင်။ နယူးစတာ ဒီရီဒါ စာအုပ် အဖုံးပေါ်မှ ဘောင်းဘီတိုလေးနှင့် ကောင်လေးကို သူလွမ်းဆွတ် သတိရနေမိ၏။ ဤနေရာကား ငယ်စဉ်က ကျောက်ဒိုးလှိမ့်တမ်း ကစားခဲ့ရာ နေရာလေး တစ်ခုပင်။ မြေ ပြင်ဝယ် ၀ိုင်းစက်သော တွင်းငယ်ကလေးများ စီရီရီ ပေါ်လာသည် ထင်မိ၏။

ဤနေရာကား ငယ်စဉ်က သူ သုံးထပ် ကျားကစားခဲ့ရာ နေရာလေးတစ်ခုပင်။ မြေပြင်ဝယ် တုတ်ချောင်းဖြင့် ရေးခြစ် ထားသော စတုရန်းသုံးဆင့် ပေါ် လာသည် ထင်မိ၏။ “သားတို့ နေတဲ့မြို့က မော်တော်ကား တစ်စီးမှ မရှိဘူးဆို ဟုတ်လားသား” အိမ်ခန်းထဲမှ တိုးထွက် လာသော မေမေ့ အသံကို ကြား ရ၏။မေမေ့ အနားမှ သူ ထွက်ခွာ လာခဲ့သည်မှာ အချိန် အတော်ကြာသွားပြီ ဖြစ်ကြောင်း သတိပြုမိ၏။ မေမေသည် သားကို သူ့အနီးတွင် ရှိနေစေ ချင်သည့် အခါတိုင်း ဤသို့ပင် စကားတံတား သွယ်တန်း၍ ခေါ်ယူလေ့ ရှိသည်။ သူ အိမ်ထဲသို့ ၀င်ခဲ့သည်။ မေမေ့ကို နှိပ်ပေးနေသော ဒေါ်ဒေါ်ဥက သူ့ကို ပြုံးပြီး နှုတ်ဆက်သည်။

“မေမေ့ကို ဘယ်သူ ပြောလဲ” မေမေ့အနီး ကြမ်းပြင်တွင် သူထိုင်လိုက်သည်။

“မြေးလေးက ပြောတာပဲ”
ဒေါ်ဒေါ်ဥက မေမေ့ ပုခုံး သားများကို တံတောင်ဖြင့် ကြိတ်ပေးလျက်ရှိ၏။
“သာယာကုန်းက မြို့မှ မဟုတ်တာ မေမေရဲ့။ ဘောဂ ၀တီမြစ်က ရွာကိုပတ်ပြီး စီးနေတော့ ကုန်းလမ်း မပေါက်ဘူးလေ။ ဒီတော့ မော်တော်ကားလည်း မရှိဘူးပေါ့။ ကားမရှိတာက ဘာဟုတ်သေးလဲ။ လမ်းပေါ်မှာ လမ်းလျှောက်သွား နေတဲ့လူတွေကို ကြည့်လိုက်ရင် လူဆယ်ယောက်မှာ ငါးယောက်က ဖိနပ် မပါဘူး”

သူ့စကားကြောင့် ဒေါ်ဒေါ်ဥ အံ့အားသင့်သွားဟန် ရှိသည်။ နိမ့်မြင့် လှုပ်ရှားနေသော တံတောင်ဆစ်များ ခေတ္တ ရပ်တန့်သွား၏။
“ဆရာမကြီးကလည်း တော်၊ ကိုယ့်မှာ သားလေး တစ်ယောက်တည်း ရှိတာ ဘာလို့များ ဒီလောက်ခေါင်တဲ့ အရပ်ကို ပို့ထားပါလိမ့်”

“ကျွန်တော်က အစိုးရ အမှုထမ်းကိုး ဒေါ်ဒေါ်ဥရဲ့။ တာဝန်ကျတဲ့ ဒေသကို သွားရ တာပေါ့”

မေမေက ဒေါ်ဒေါ်ဥ၏ တံတောင်ကို လက်ဖြင့် ဆုပ်ကိုင်ပြီး အသာအယာ ဖယ်ရှားလိုက်၏။ ခဏ နားဦးဆိုသော သဘော။
“ဒေါ်ဥ ထမင်းစားပြီးမှ ပြန်နော်”

ဒေါ်ဒေါ်ဥက ဆေးလိပ် ခွက်ထဲမှ ပြောင်းဖူးဖက် ဆေးလိပ်တိုကို ယူပြီး ကြေးဝါမီးခြစ် ဖြင့် မီးညှိ၏။ ဆေးလိပ်ထိပ်တွင် ၀ုတ်ခနဲ မီးတောက်ဖြာ ထွက်လာသည် အထိ ဖွာရှိုက်ပြီးမှ တံတွေး စွတ်စိုနေသော လက်ချောင်းဖြင့် မီးတောက်ကို ငြိမ်းသတ်လိုက်သည်။
“သားကြီး ပြန်လာတဲ့ အခါ ဘာတွေများ ချက်ကျွေးနေလဲ ဆရာမကြီးရဲ့”

“ကျွန်မ ဘာမှချက် မကျွေးရပါဘူးရှင်။ အညာပြန် လာတဲ့ အခါ အညာစာတွေ စားချင်တယ်ဆိုပြီး သူတို့ဟာ သူတို့ စီမံနေကြတာပါ။ ဒီနေ့ ချက်စားတဲ့ ဟင်းတွေကို ပြောပြလိုက်ပါဦး သားရဲ့။ မင်း ဒေါ်ဒေါ်ဥကို”

“ဆူးပုတ်ကလေးနဲ့ နရှာကြီး ဟင်းချိုလေ ဒေါ်ဒေါ်ဥရဲ့။ ငရုတ်သီးတောင့်လေး မီးကင်ပြီး ခတ်မယ် စိတ်ကူးတာပဲ။ ပြီးတော့ ပဲကြီးနှပ်၊ အငန်ကတော့ ငါးပိတစ်ခဲကို ခရမ်းချဉ်သီးနိုင်း ချင်းနဲ့ ချက်ထားတယ်။ တမာရွက် တို့စရာ၊ သရက်သီး ခြောက်နဲ့ ၀က်သားရော ချက်ထားတဲ့ ဟင်းလေးက တစ်ခွက်၊ ဒေါ်ဒေါ်ဥ မြိန်မှာပါ”
မေမေက ပြေကျလာသော ဆံပင်များကို လက်ဖြင့် သိမ်းရစ်ရင်း ပြန်ထုံးနေ၏။ ငွေရောင် သမ်းနေသော ဆံမျှင် အချို့ကို သတိပြုမိသည်။

“ဒီကောင်က အစား သမား ဒေါ်ဥရဲ့။သူ ငယ်ငယ်က စာကျက်စေချင်ရင် အစားနဲ့ပဲ ချော့ပြီး အကျက်ခိုင်းရတယ်။ ပန်းသီးစိတ်ကလေးတွေ စိတ် ထားပြီး သား စာကျက်နော်။ စာတစ်ပိုဒ်ရလို့ မေမေ့ကို ပြန်ပြနိုင်တိုင်း ပန်းသီးတစ် စိတ်စားရမယ်လို့သာ ပြောလိုက် စာတွေ တအားကုန်း အော်ပြီး ကျက်တော့တာပဲ”
မြေသြဇာ ကျွေး၍ ပြုစု ပျိုးထောင် ပေးခဲ့ရသော အပင် ငယ်လေးကို ပြန်လည် သတိရ ဟန်ဖြင့် မေမေ့မျက်နှာ ပြုံးရွှင် နေသည်။

“ဒါကြောင့်လည်း ဆရာဝန်ကြီး ဖြစ်တာပေါ့တော်”

ဒေါ်ဒေါ်ဥက ဆေးလိပ် တိုကို ခွက်ထဲသို့ ပြန်ထည့် လိုက်ရင်း သုံးသပ်၏။ ထို့နောက် မေမေ့ကို တစ်ကျော နှိပ်ပေးရန် ပြင်ဆင်သည်။
“ကျွန်မတော့လေ ကိုယ့်မှာ သားသမီး မရှိပေမယ့် သူများ သားသမီးတွေ ထွန်းထွန်းပေါက်ပေါက် ဖြစ်တာများ မြင်ရရင် သိပ်ကြည်နူးတာပဲ။ ၇ လမ်းထဲက မမြခင်သား လေး ဖိုးထောင်ကို ဆရာမကြီး သိတယ် မဟုတ်လား။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက အမေ လှူချင်တာ လှူဖို့ဆိုပြီး ငွေ ၅၀၀၀ လာပေးသွားသတဲ့။ လိမ္မာလိုက်တာ”

အပိုင်း ၂ ဆက်ရန်

ခြင်ထောင် အပိုင်း ၃

သူတို့၏ သားဖြစ်သူ တစ်နှစ်သားကလေးမှာ အဖေနှင့် အမေကို တစ်လှည့်စီကြည့်ရင်း ပြုံးရယ်နေသည်။ သူက လေးကတော့ ဘာမှ မသိရှာ။

ညရောက်တော့ မောင်စိုးမိုးသည် အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်ယူပြီး ခြေရင်းရှိ အခန်း လွတ်တစ်ခုသို့ သွား၍ အိပ်သည်။ ဇနီးဖြစ်သူကို မကျေ နပ်သည့် သဘောကိုပြသည့် အထိမ်းအမှတ် အနေနှင့် ဖြစ်သည်။ ညဦးပိုင်း စာဖတ်ပြီး မီးမှိတ်လိုက်သည့်တိုင် ရုတ်တရက် အိပ်မပျော်သော မောင်စိုးမိုးသည် နက်ဖြန်နံနက် အိမ်မှ ထွက်သွားတော့မည့် ဇနီး အကြောင်းကို အတွေး နယ်ချဲ့နေမိသည်။

သူ့မိန်းမသည် သဘော ကောင်းလေး ဖြစ်ပါသည်။ သည်နေ့မှ ဘာကြောင့် နှုတ်လှန် ထိုးရပါသနည်း။ သူတို့ အိမ်ထောင်ရေးသည် ကစား ကစားနှင့် တကယ် ပျက်ရတော့မည်။ မချောစု ဆိုသည်ကလည်း အေးအေးလေး နေတတ်ပေမယ့် စိတ်ကတော့ ကြီးသည်။ မနက်ဖြန်တွင် တကယ်သာ ဆင်းသွားဖြစ်လျှင် ဘယ်တော့မှ အိမ်ပေါ်ပြန်တက်မည် မဟုတ်ပေ။ ကြားထဲက သားကလေးသာ မိတကွဲ၊ ဖတကွဲ ဖြင့် မျက်စိသူငယ် ဖြစ်ရှာပေတော့မည်။ မောင်စိုးမိုး စဉ်းစား မင်းကြပ်ကြပ်ကြီး စဉ်းစားလိုက်စမ်း။ မင်းက လူကြီး။ တကယ်ဆို မင်းက အလျှော့ ပေးသင့်သည်။သို့သော် မောင်စိုးမိုးက လက်နက်ချ အလံဖြူ တင်လိုက်လျှင်လည်း နောက်နောင်များတွင် မချောစုက ရွှေရေးပန်းကန် တက်ဖြစ်လာတော့မည်။ နောက်ဆုံးတော့ လေပျော့လေးနှင့် ခေါ်ကြည့်သည်။

“ဟေ့ ချောစုရေ ချောစု”
တုံ့ပြန်သံ မကြားရ။ ငြိမ် သက်နေသည်။

“ချောစု အိပ်သွားပြီလား”
တုတ်တုတ်ကလေးမှ မလှုပ်။

သည်မျှပင် မာနကြီးသည့် ကောင်မ။ နေစမ်းပေ့စေဟု စိတ်ကို တင်းထားပြီး အိပ်တော့မည်ဟု မောင်စိုးမိုး ဆုံးဖြတ် လိုက်လေမှ သူ့ဘေးတွင် တ၀ီဝီဖြစ်နေသော ခြင်များကို သတိထားလိုက်မိသည်။ သည်တော့ မောင်စိုးမိုးသည် မှောင် ထဲမှာပင် ပြုံးလိုက်မိသေးသည်။
မကြာမီ၌ပင် မောင်စိုးမိုး အိပ်နေသော အခန်းထဲမှ ဖြန်းခနဲ ဘတ်ခနဲနှင့် ခြင်ရိုက်သံ၊ ခြင်ယမ်းသံ၊ ခြင်ဖိသံများ ဝေေ၀ ဆာဆာ ထွက်ပေါ်လာသည်။
တိတ်ဆိတ်နေသော အချိန်ဖြစ်၍ ခြင်ရိုက်သံသည် တော်တော်ကြီးပင် ကျယ်ကျယ်လောင်လောင် ပီပီသသ ကြီး ကြားနေရသည်။ သည် ကြားထဲတွင် မောင်စိုးမိုး၏ အသံကလည်း ထွက်၍ လာချေသေးသည်။၏


“တောက် ဒီခြင်တွေက လဲကွာ”

“ကဲ သေပေရော့ ကဲ”

“ဒီညတော့ အိပ်လို့ရမှာ မဟုတ်ပါဘူး”


“မနက်ကျရင်တော့ တစ်ကိုယ်လုံး ခြင်ဖုတွေချည်းပဲ နေတော့မှာကွာ။ ဒုက္ခပါပဲ”
မိနစ် နှစ်ဆယ်ခန့် ကြာသောအခါ မချောစု၏ အသံ ပေါ်လာသည်။ အသံက ခပ်မာမာ။
“ကဲ ခြင်ထောင်ထဲ လာအိပ်လေ”

သည်တစ်ခါ မောင်စိုးမိုး အလှည့်။ ဈေးကိုင်နေလိုက် ပြန်သည်။ ဘာမှ ပြန်၍ အဖြေ မပေးဘဲ နှုတ်ပိတ်၍သာ နေလိုက်သည်။ ခြင်ကို လက်ဝါး နှင့် ရိုက်သံများသာ ကြားနေ ရသည်။
တော်ကြာတော့ မချောစု၏ အသံက ထပ်မံ၍ ပေါ်လာ ပြန်သည်။ နည်းနည်း လေသံပျော့ လာသည်။
“အလကားနေရင်း ကိုယ့်ဒုက္ခကိုယ် ရှာမနေနဲ့။ ဘယ်လို လူမှန်းလည်း မသိဘူး။ ခြင်ထောင်ထဲကိုတော့ လာအိပ်တာ မဟုတ်ဘဲနဲ့”

မောင်စိုးမိုးက မှောင်ထဲတွင် ကျေကျေနပ်နပ်ကြီး ပြုံးရင်းခြင် မရှိသော သူ့လက်မောင်းပေါ်သို့ လက်ဝါးနှင့် ဖြန်းခနဲ ရိုက်လိုက် ပြန်သည်။
“ကဲ လာမှာဖြင့် မြန်မြန်လာ၊ မူမနေနဲ့။ ခေါ်ချင်လွန်း လို့များ မှတ်မနေနဲ့။ ခြင်ကိုက် အိပ်ရေးပျက်ရင် နေမကောင်း ဖြစ်မှာစိုးလို့”
မချောစု၏ အသံမှာ ငေါ့ဆတ်ဆတ်ဖြစ်သော်လည်း တမင် လုပ်ပြောနေရကြောင်းကို ဖုံးကွယ်၍ မရပေ။ မောင်စိုးမိုးကလည်း သွားချင်လွန်းလှပြီ ဖြစ်သည့်တိုင် ကလေးဆိုးကြီး အသံဖြင့်
“နေမကောင်းလဲ အနေသာကြီးပါကွာ။ မင်းနဲ့ငါ နက်ဖြန်ခါ ကစပြီး ဆိုင်ကြတော့မှာမှ မဟုတ်တာ”

“အစ်ကိုနော်။ ကဲမနေစမ်းနဲ့။ ကလေးကလားတွေ လုပ်မနေနဲ့။ လာအိပ်လှည့်”

နောက်ဆုံးတော့ မောင်စိုးမိုးသည် စောင်၊ ခေါင်းအုံး၊ အိပ်ရာ ခင်းများကို ပြန်၍ သယ်မပြီး သူတို့အိမ်၏ တစ်လုံးတည်းသော သုံးယောက်အိပ် ခြင်ထောင်ကြီးထဲသို့ ပြုံးစိပြုံးစိဖြင့် ၀င်ရောက်သွား လေတော့သည်။ ထိုအခါ အပြင်ဘက်တွင် ကျန်နေခဲ့သော ခြင်များသည် ညလုံးပေါက် သွေးစုပ်ပွဲသဘင်ကြီး မကျင်းပ လိုက်ရသောကြောင့် တ၀ီဝီနှင့် ဒေါသူပုန် ထနေကြလေသည်။

နောက်တစ်နေ့ နံနက်တွင် မချောစုသည် ဤအိမ်မှ ဆင်းသွားဖြစ်တော့မည် မဟုတ်ကြောင်းကို ခြင်ထောင်ကြီးထဲသို့ မောင်စိုးမိုး ၀င်သွားပြီး မကြာမီမှာပင် ပျံ့လွင့်လာသည့် ရယ်မောသံ ခိုးခိုးခစ်ခစ် ဟီးဟီးဟဲဟဲများက ပြောပြနေပါသည်။ ထိုအခါ မောင်စိုးမိုးသည် ခြင်ထောင်တစ်လုံး အပိုမရှိ၍သာ သူတို့ လင်မယား ပြတ်စဲလုဆဲဆဲ အန္တရာယ်မှ လွတ်လာရသည်ဟု အတွေးဝင်လာသည်။ ခြင်ထောင်တစ်လုံး အပိုဝယ် မထားမိခြင်းကိုပင် ၀မ်းသာနေမိ၏။

သို့ဖြင့် မောင်စိုးမိုးတို့ လင်မယားသည် ခြင်ထောင် အပို တစ်လုံး နောက်ထပ် ၀ယ်ချုပ်ရန် စိတ်ကူးထဲ၌ပင် ထည့်တော့မည် မဟုတ်၍ နောက်နောင်အခါများတွင် မောင်စိုးမိုး၏ နေအိမ်သို့ ညအိပ်တည်းခို ကြမည့် အပေါင်းအသင်း ဧည့်သည်များသည် ကိုယ့်ခြင်ထောင် ကိုယ်ယူလာ ကြရုံသာရှိပါတော့သတည်း။

မာန်မြင့်
မိုးဝေမဂ္ဂဇင်း၊ မေ၊ ၁၉၇၄

ခြင်ထောင် အပိုင်း ၂

ခြင်ထောင် အပို မရှိခြင်းသည် ညအိပ်ဧည့်သည် လာလျှင် ပြဿနာ တစ်ခု ဖြစ်သည်။ ခြင်ထောင် ပါလာသော ဧည့်သည် ဆိုပါက တော်သေးသည်။ မြစ်ကြီးနားသည် ပူ အိုက်သောအရပ် မဟုတ်သော်လည်း ခြင်ကိုက်ခြင်း၌မူ အရည်အသွေး ညံ့လှသည် မဟုတ်။ထို့ကြောင့် ခြင်ထောင် မပါသော ဧည့်သည် ညအိပ် လာတည်းလျှင် အနီးအနား အိမ်များမှ ခြင်ထောင် ငှားရသည်။ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေလျှင်ကား မောင်စိုးမိုးသည် ခေါင်းမြီးခြုံ အိပ်တော့ ကွာဟု ရယ်စရာလိုလို ပြောရင်း တကယ်ပင် ခြင်ထောင် ငှားမပေးတော့။မောင်စိုးမိုး သဘော အကျဆုံးမှာ ၀ါသနာတူ မိတ်ဆွေ သူငယ်ချင်းများ ည အိပ်လာခြင်းပင် ဖြစ်သည်။ သူတို့နှင့် ဆိုပါက တစ်ညလုံး ထိုင်၍ စာပေ၀တ္ထု အကြောင်း၊ အနုပညာ အကြောင်းများကို တတ်သလောက် ဖတ်သလောက် နှီးနှော ဖလှယ်ပွဲ လုပ်လေ့ ရှိသောကြောင့် အိပ်ချိန် မရှိတော့ပေ။ လက်ဖက်ရည်ကြမ်းအိုးနှင့် ဆေးပေါ့လိပ်သာ များများ ၀ယ်ထားရန် လိုသည်။
ထို့ကြောင့် ညအိပ် ဧည့်သည်လာ၍ ခြင်ထောင်ငှား ငှားနေရတိုင်း ခြင်ထောင်အပို တစ်လုံးတော့ ၀ယ်ချုပ်ဦးမှ ဟူသော အတွေးကို လင်မယား နှစ်ယောက်စလုံး တွေးမိကြသည်။ သို့သော် ဧည့်သည်လည်း ပြန်သွား၊ ထိုအတွေးကလည်း ပြီးပြီးမေ့မေ့။

ဇာခြင်ထောင် တစ်လုံးကို ချုပ်နိုင်ဖို့ ဆိုသည်ကလည်း သိပ်ပြီး လွယ်လှသောကိစ္စ မဟုတ်။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်တန်ရာ တန်ဖိုး ပေးဝယ်ရသည့်တိုင် ပစ္စည်း ၀ယ်ခွင့် ပြုသည်ကိုပင် အလကား နေရင်း ကိုယ့်ထမင်း ကိုယ်စားပြီး ကျေးဇူး တင်တင်နေရလေ့ ရှိသော သမ၀ါယမ ဆိုင်ဘက်သို့ မျှော်လင့် စောင့်စား နေခဲ့ရသည်မှာလည်း ကြာခဲ့လေပြီ။ ဟိုနိုင်ငံကျော် စာရေးဆရာကြီး၏ ၀တ္ထုတော်ကြီး တစ်ပုဒ်၌ ပါသော ရည်းစားစာကို မှီငြမ်းပြုပြီး အတီတေ ရှေးကာလ ဘယ်ဘ၀က စခဲ့ ရသည်လို့ စောင့်မျှော်ချက်ကို ရေတွက်လို့ မပြနိုင်သူကတော့ မောင်စိုးမိုးရယ်ပါဟုပင် စာဖွဲ့ လိုက်ချင်တော့သည်။
အပြင် ဈေးမှာတော့ ခြင်ထောင်ချုပ် ပြီးသားများလည်း အပုံလိုက်၊ အစများ ကလည်းအထပ်လိုက်။

သို့သော် ဈေးနှုန်းကမူ ခေါင်ခိုက်နေ သောကြောင့် မ၀ယ်ချင်ကလည်း နေ၍ ရသေးသော ခြင်ထောင် တစ်လုံးအတွက် ဤမျှထိ ငွေကုန်ခံရန် မတန် သေးဟု မောင်စိုးမိုး ယူဆထားသည်။ ထိုသို့သော အကြောင်းများကြောင့် အငယ်တန်း အရာရှိလေးတစ်ဦးဖြစ်သော မောင်စိုးမိုးတွင် ခြင်ထောင် တစ်လုံး အပိုမရှိသေး။
မောင်စိုးမိုးကလည်း ထမင်းလေးနပ်မှန်အောင် စားရပြီး ၀တ္ထု စာအုပ်လေးများ ဖတ်နေရလျှင် ကျေနပ်နေပြီ။ မောင်စိုးမိုး၏ ဇနီး မချောစုကလည်း ၀မ်းတူဟူး၊ ဇီးသီးပေါင်း၊ ကြံ စသည့် သွားရေစာများကိုသာ မြုံ့နေရလျှင် တပြုံးပြုံး ဖြစ်နေပြီ။

သို့သော် ကိုယ့်အိုးကိုယ့် အိမ်နှင့် ဖြစ်လာမှတော့ အလိုက်ကမ်းဆိုး မသိသော ဧည့်သည်များ လာလျှင် အထင် မသေးရလေအောင် ခြင်ထောင် အပိုတစ်လုံးတော့ ရှိသင့်သည် ဟူသည်ကိုကား ကန့်ကွက်မဲ မရှိ ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် အတည်ပြု ထားကြပါသည်။ မောင်စိုးမိုး နေထိုင်သော အကွက်အတွက် သမ၀ါယမ ခွဲတမ်းကို ကိုင်သောအကွက် မှူးမှာ ဦးမြဖေ ဖြစ်သည်။ မောင်စိုးမိုးတို့ ရုံးမှ စာရေးကြီး တစ်ဦးဖြစ်၍ ခင်မင် ရင်းနှီးသူ တစ်ဦး ဖြစ်ပါသည်။ လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတတ်သူ တစ်ဦး ဖြစ်သောကြောင့် မောင်စိုးမိုးနှင့် ပြောမနာ ဆိုမနာ။ ပြီးတော့ သူတောင်းသော အကူအညီ များကို မောင်စိုးမိုး လုပ်ပေးခဲ့ရပေါင်းလည်း များလှပေပြီ။ထို့ကြောင့် ဦးမြဖေ၏ အိမ်၌ စစ်တုရင် ထိုးရင်း
“သည်တစ်ခါ ခွဲတမ်းမှာ ခြင်ထောင်ဇာ ပါရင်တော့ ကျွန်တော့်ကို ထည့်ပြီး စဉ်းစား ပါဦးဗျာ။ ဧည့်သည်လာရင် ခြင်ထောင် ပေးစရာ မရှိတော့ ရုပ်ပျက်လွန်းလို့၊ ၊အိမ်က ခြင်ထောင်လဲ စုတ်နေပြီဗျ”

“ဟာ ခင်ဗျားတို့ အင်ဂျင် နီယာတွေပဲဟာ ငွေပေါသားပဲ၊ အပြင်က ၀ယ်ဗျာ”

“အပြင်က ၀ယ်နိုင်မှတော့ ခင်ဗျားကို လာပြီး မျက်နှာငယ် ခံပြောနေပါ့ လားဗျ။ ခင်ဗျား မယုံရင် အိမ်လာကြည့်ဗျာ။ တခြား အကွက်မှူးတွေနဲ့ကို မတူဘူး။ ခင်ဗျားလို အကွက်မှူးနဲ့ ခင်ရတာ နစ်နာတယ်ဗျာ။ တစ်ခါမှ ပစ္စည်း ကောင်းကောင်းလေးတွေ မရဖူးဘူး”

“ဟဲ ဟဲ ခင်မင် ရင်းနှီးတဲ့ လူက ခွဲတမ်း မပါလည်း ကိစ္စ မရှိဘူးဗျ။ သူတစိမ်း ဆိုရင် လာ ပြီးချဲမှာ ဆိုတော့”

သူ ဘာကြောင့် အပြင်မှ ခြင်ထောင် မ၀ယ်သည်ကို မောင်စိုးမိုးက အကြောင်းစုံ ရှင်းပြလိုက်သည်။ နောက်ဆုံး ၌မူ ဦးမြဖေထံမှ
“အေးပါဗျာ၊ ခင်ဗျားက တကယ် လိုအပ်နေတဲ့ ဥစ္စာပဲ။ ဒီတစ်ခါ ခွဲတမ်းမှာ ပါလာရင် ခင်ဗျားကို ဦးစားပေးပြီး ခွဲတမ်း ချမယ်”ဟူသော ကတိစကား ကို ရလေသည်။ ထိုနေ့က မောင်စိုးမိုးသည် စစ်တုရင်ကို မသိမသာ အလျှော့ပေး၍ ထိုးလိုက်သည်။ အမြဲတမ်း ရှုံးနေကျဖြစ်သော ဦးမြဖေသည် မောင်စိုးမိုးအား မနိုင်စဖူး နှစ်ပွဲဆက် နိုင်လိုက် ၍ တော်တော် သဘောကျသွား သည်။ ပွဲပြီး၍ အိမ်ပြန်ခါနီး မောင်စိုးမိုးက
“ဦးမြဖေ၊ ခွဲတမ်းကျရင် မေ့နေဦးမယ်”ဟု သတိပေး သည် ကိုပင်
“စိတ်ချစမ်းပါ” ဟု ပြန်ဖြေလေသေး၏။၏


အိမ်ပြန်ရောက်သော အခါ မည်သည့်အကြောင်း လေးဖြစ်ဖြစ်၊ မိန်းမကို ပြော မပြရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော မောင်စိုးမိုး သည် မချောစုအား
“မိန်းမရေ၊ တို့တော့ ခြင်ထောင် အသစ်တစ်လုံး ရတော့မယ်ဟေ့” ဟု ကြွားမိသေးသည်။
မချောစုကမူ
“လာမယ် ကြာမယ်ဆိုတာ ကြီးထဲကများလား အစ်ကိုရယ်”ဟု ခွန်းတုံ့ ပြန်လိုက်သည်။

ခွဲတမ်းစာရွက်များ ဝေငှ နေပြီဟူသော သတင်းကို ကြားရသော အခါ ခြင်ထောင်ဇာ ရတော့မည် ဟူသော သေချာပေါက် ထင်လုံးကြီးဖြင့် ဦးမြဖေ၏ နေအိမ်သို့ မောင်စိုးမိုးတစ် ယောက်ပြုံးပြုံးကြီး ရောက်သွားခဲ့ပါသည်။ ဦးမြဖေပေးသော ခွဲတမ်းစာရွက်လေးပေါ်မှ ခြင်ထောင်စဟူသော စာလုံး လေးသည်မောင်စိုးမိုး၏ မျက်နှာကို ဆလိုက်မီးလုံး ရာထောင်စု၍ ထိုးလိုက်သကဲ့သို့ ၀င်းပ သွားစေသည်။ မောင်စိုးမိုးသည် ထိုစာရွက်ကလေးအား အမြတ်တနိုး ခေါက်ပြီး အင်္ကျီအိတ်ထဲ ယုယုယယ ထည့်လိုက်သည်။

ထိုစဉ် ဦးမြဖေ၏ အိမ်ထဲသို့ အရပ်ပုပု၊ အသားညိုညိုနှင့် ဒေါင်လွန်းဆိုသော ကချင်အမျိုးသား တစ်ဦး ၀င်လာသည်။ သူတို့ ဌာန၌ အမှုထမ်း နေသော အလုပ်သမားခေါင်း တစ်ဦးဖြစ်၍ မောင်စိုးမိုး ကောင်းကောင်း သိသူ တစ်ဦးဖြစ်သည်။ ဒေါင်လွန်းသည် ထုံးစံအတိုင်း ပျာလောင်ခတ်သော အမူအရာ၊ စူးရှရှဝဲတဲ တဲအသံဖြင့်ပင် ဦးမြဖေသို့ ပြောလိုက်သည်။

“ဆရာ ခြင်ထောင်ဇာ ကျွန်တော့်ကို ပေးပါ။ အခု အိမ်မှာ ဆရာသိတဲ့ အတိုင်း ခြင်ထောင် မရှိဘဲ အိပ်နေရတယ်။ဟိုခြင်ထောင်က ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ဘူး”

ဦးမြဖေသည် ဘာလုပ်ရမှန်း မသိ၍ စိတ်ပျက်သော အမူ အရာဖြင့် ခေါင်းကို ကုတ်ဖွလိုက်ပြီး ညည်းညူလိုက်သည်။
“မင်းကွာ ဘာလို့ အခုမှ လာပြောရတာလဲ။ခြင်ထောင်စ သုံးစပါတာက ခွဲတမ်းချပေး လိုက်ပြီကွ။ စောစောက လာပြောပါတော့ကွာ”
ဒေါင်လွန်းသည် မျက်စိလေး ပေကလပ် ပေကလပ်နှင့် ရပ်ကြည့်နေသည်။ “ညဆို ခြင်သိပ်ကိုက်တာ ဆရာ၊ ကလေးတွေဆို ကောင်းကောင်း မအိပ်နိုင်ဘူး”ဟုသာ ပြောပြ တတ်ဟန် တူသည်။

သူ့အဖြစ်ကလည်း စိတ်မကောင်းစရာ။ လွန်ခဲ့သော ဆယ်ရက်ခန့်က အလုပ်သမား တန်းလျားရှိ သူ့အခန်းပေါ်သို့ ညောင်ပင် လဲကျ၍ အခန်းပိပြို ပျက်စီးသွားသည်။ သစ်ပင်လဲ သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ တန်းလျားနှင့် လွတ်သော ကိုင်းများကို ခုတ်၍ မီးဆိုက်ကြသောကြောင့် တန်းလျားပေါ် မိုးထွက်နေသော ကိုင်းများသာ ညောင်ပင်တွင် ကျန်နေခဲ့ပြီး ဟိုဘက်သည်ဘက် အလေး မညီတော့သည့် ကြားထဲညောင်ပင် ခြေရင်း အမှိုက်များ မီးပုံ၍ ရှို့လေ့ ရှိသောကြောင့် ပင်ရင်း၌ သစ်ခေါင်း ကြီးဖြစ်ကာ မဟန်နိုင်တော့ဘဲ ပြိုလဲရခြင်း ဖြစ်လေ သည်။ ထိုအချိန်က ညသန်းခေါင်ကျော်၍ သူတို့ သားအမိ သား အဖအားလုံး အိပ်မော ကျနေကြသည်။ ညောင်ပင်၏ကိုင်း ကြီးတစ်ခုသည် သွပ်မိုးကို ဖောက်၊ တန်းများကို ချိုးပြီး ဒေါင်လွန်း၏ ဇနီး ဖြစ်သူကို ပွဲချင်းပြီး အသက်ထွက်သွားစေ သည်။ ကလေးများနှင့် ဒေါင်လွန်းမှာမူ ကုသိုလ် ကံကောင်းသည် ဟုပင် ဆိုရပေမည်။ အပွန်းအပဲ့ အနည်းငယ်ရသည်မှာ တစ်ပါး ဘာမှမဖြစ်ကြ။

မိန်းမ ကွယ်လွန်သွား၍ ၀မ်းနည်းနေရသော ဒေါင်လွန်း အတွက် စိတ်မကောင်းစရာ တစ်ခုမှာ သူတို့ မိသားစု နှစ်အတော်ကြာ သုံးလာခဲ့သော ပိတ်ခြင်ထောင်ကြီးသည် ညောင်ကိုင်း ပိစဉ်က အစိတ်စိတ် အမြွှာမြွှာ စုတ်ပြဲသွားခြင်းပင် ဖြစ်ပါ၏။ ဒေါင်လွန်းအကြောင်း သိထားရသော မောင်စိုးမိုးနှင့် ဦးမြ ဖေတို့သည် ငိုင်နေမိသည်။

“ခက်တာပဲ ဒေါင်လွန်းရာ ခွဲတမ်း စာရွက်တွေက ဝေပြီးသား ဖြစ်နေတော့ ပြန်တောင်းလို့လည်း မကောင်းဘူးကွာ”
ဦးမြဖေသည် တကယ်တမ်း လိုအပ်နေသောသူ တစ်ဦးအား အကူအညီ ပေးရန် အခွင့်အရေး ရှိသည့် ကြားမှ မကူညီ လိုက်နိုင်ခြင်း အတွက် စိတ် မကောင်းဖြစ်နေဟန် ရှိသည်။

မောင်စိုးမိုးသည် ခြင်ကိုက်သောကြောင့် မအိပ်နိုင် ရှာကြသော ကလေးငယ်များ၏ ဒုက္ခကို တွေ့မြင်လိုက်မိပြီး စာနာ စိတ် ၀င်လာသည်။ တစ်ခါ တစ်ရံမှ လာသော ဧည့်သည် များထက် ဒေါင်လွန်း၏ ကလေးများသည် ခြင်ထောင် လိုအပ်နေပြီ မဟုတ်လော။ ထို့ကြောင့် သူ့အား မော်ကြည့်နေသော ဦးမြဖေအား ခွဲတမ်း စာရွက်ကို ပြန်ပေးလိုက်ရင်း
“ကဲ သူ့ကိုသာ ပေးလိုက်ဗျာ။ ကျွန်တော်ကတော့ နောက်တစ်ခါ ပါလာမှပဲ ယူတော့မယ်”
_ _ _
တစ်နေ့တွင် မောင်စိုးမိုး အလုပ်မှ မောမောပန်းပန်း ပြန်လာပြီး သူဖတ်ရန် ငှားထား သော စာအုပ်ကိုရှာသည်။ ထားသောနေရာ၌ မတွေ့ရ၍ မချောစုအား မေးရာ မီးဖိုထဲမှ ထမင်းချက်နေသော ဇနီးဖြစ် သူက
“ရီရီလာပြီး ငှားသွားတယ် အစ်ကိုရဲ့”

မောင်စိုးမိုးသည် ဒေါပွ သွားမိသည်။ သူဖတ်ချင်လွန်း၍ မရမက ငှားလာသော စာအုပ် ကို ဖတ်လက်စတစ်ဝက်တစ် ပျက်နှင့် တခြားသူတစ်ဦးက လာဆွဲသွားကြောင်း သိရသော အခါ စိတ်ကိုထိန်းချုပ် မထား နိုင်ဘဲ အော်ဟစ်လိုက်မိသည်။
“မင်းကို ငါပြောထားသား ပဲကွ။ စာအုပ်ငှားရင် ငါ လက်မှတ်ထိုးထားတဲ့ ကိုယ်ပိုင် စာအုပ်ငှားပါလို့။ အခုဟာက သူများဆီက ငှားလာရတာ၊ ပျောက်ရင် ဘယ်လို လုပ်မလဲ”

“မပျောက်စေရပါဘူး။ နက်ဖြန်ခါ သွားတောင်းပေးမယ်”

“သွားတောင်းတာကတော့ မင်းပြောမှလားကွ။ သူများ စာအုပ်ဆို မငှားပါနဲ့ ဆိုတာ ငါမင်းကို ဘယ်နှစ်ခါ ပြောရမှာလဲ။အမှတ်ကို မရှိဘူး”

“ကလေးက တစ်ဖက် ထမင်း ချက်နေတာနဲ့ ထွက်မကြည့်အားဘူး ရှင်ရေ”

“ဒါဖြင့် မင်းကို အိမ်ထောင်ရှင်မ ဆိုပြီး အိမ်မှာ ရှိနေတာ အပိုပဲပေါ့ကွ”

“တစ်ခါတည်း သူ့စာအုပ်လေး ငှားလိုက်မိတာနဲ့ ကမ္ဘာကြီး ဖျက်တဲ့ အပြစ်ကြီး ကျနေတာပဲ။ စာအုပ်ကို ဒီလောက် မြတ်နိုးနေရင် ဘာလို့ မိန်းမ ယူ ထားသေးလဲ”

အထက်အရာရှိနှင့် မပြေ မလည် ကိစ္စလေး တစ်ခု ဖြစ်လာခဲ့သောကြောင့် စိတ်ညစ်ညူး လာသော မောင်စိုးမိုးကလည်း နဂိုကမှ စိတ်က လက်တစ် ဆစ်ဆိုတော့ ဒေါသစိတ်ကို ချုပ်တည်း မရသည့် အချိန် ဇနီး ဖြစ်သူ မချောစုကလည်း တစ်နေ့လုံး ကလေးနှင့် နပမ်းလုံးရင်းက ထင်းစိုများနှင့် ထမင်းချက် နေရ၍ မျက်ရည်တရွှဲရွှဲ နှင့် ဒေါပွနေသည့် အခိုက်။ ထိပ်တိုက် လာတိုးမိကြပြီး ဘာမဟုတ်သည့် စာအုပ် ကိစ္စလေးကို အကြောင်းပြုကာ တစ်ဦးနှင့် တစ်ဦး စကား အခြေ အတင် ပြောမိကြသည်။ ပြီးတော့ လင်မယားတို့ ထုံးစံ အတိုင်း တစ်ဦးကို တစ်ဦး အပြစ်များ ရှာကြံ၍ နာနာ ကြည်းကြည်း စွဲချက်တင်ကြ သည်။ ဒေါသ ထွက်နေကြသူ များပီပီ မစဉ်းစားကြတော့ဘဲ စကားတစ်လုံး အတင်စီး မခံစတမ်း စကား စစ်ထိုးကြရာမှ နောက်ဆုံးတွင် စိတ်ဆိုးခြင်း၏ အထွတ်အထိပ်သို့ ရောက်လာကြပြီး
“ကဲ တော်ဆို တော်ကွာ။ ငါ လက်ပါမိလိမ့်မယ်”

“ရိုက်ပါ သတ္တိရှိရင် လုပ်ပေါ့၊ ယောက်ျားတန်မဲ့ လက်အားကိုးလို့”

“ကဲကွာ ကဲကွာ”

“သတ်ပါ သတ်ပါ သေအောင် သတ်စမ်းပါ။ မိန်းမဆိုတာ ရိုက်ရအောင် ယူထားတာ ပဲဟာ ဟင့်ဟင့်” ဟု မျက်ရည် ကျရခြင်းဖြင့် အဆုံး သတ်သွားလေတော့သည်။

ရန်ပွဲကြီး ပြီးသွားသော အခါ ဒေါသ မပြေသေးသော မောင်စိုးမိုးသည် မြို့တွင်းသို့ တစ်ပတ်လျှောက် သွားလိုက်သည်။ တဖြည်းဖြည်းနှင့် သွေးအေးသွားပြီး စိတ်ပြေလောက်သော အခါမှ အိမ်သို့ ပြန်လာခဲ့သည်။
သူ့ဇနီး မချောစုသည် သားရေ သေတ္တာ တစ်လုံးထဲသို့ သူနှင့် ကလေး အ၀တ်အစားများကို ဗီရိုထဲမှ ခွဲထုတ်ပြီး ထည့်နေသည်ကို တွေ့ရတော့
“ဒါက ဘာလုပ်မလို့လဲ”

မချောစုက မကျေချမ်း သေးသော အသံဖြင့်
“ကိုယ့်မိန်းမကိုမှ မသနား တတ်တဲ့ လူနဲ့ အတူ မနေချင်တော့လို့ သွားတော့မလို့”

“ဘယ်ကို သွားမှာလဲ”

“ဦးကြီးတို့ ဆီကို နက်ဖြန် ရထားနဲ့ သွားမယ်”

“မင်း သေသေချာချာ စဉ်းစားပြီးပလား”

“ပြီးပြီ”

“မပြင်နိုင်တော့ဘူးလား”

“ဗူးဆို ဖရုံမသီးဘူး”

မောင်စိုးမိုး၏ ယောက်ျား မာနကလေးကလည်း ခေါင်းထောင် ထလာပြန်သည်။
“အောင်မယ်၊ ငါက နင့်အတွက် ပြောနေတာ။ ဒီလို ဆိုလည်း ပြီးတာပဲ”

ခြင်ထောင် အပိုင်း ၁

ချစ်ခြင်း မေတ္တာ၊ လူ့သဘာဝနှင့် ဘ၀ အမောတို့ကို သရော် ငွေ့ငွေ့ ဖြင့် ဖန်တီး ထုဆစ် ထားသည်မှာ ချစ်စရာ၊လွမ်းစရာ၊ နှစ်သက် ကျေနပ်စရာ ခံစားမှုတို့ကိုပေး နိုင်စွမ်းနိုင်သဖြင်'' ခြင်ထောင် ''  ဆိုသော ၀တ္ထု တိုအား ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဝေမျှ လိုက်ရပါတော့သည်။

ခြင်ထောင်

အပိုင်း ၁

ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး အိမ်၊ကိုယ့် အိမ်ထောင်နှင့် ဖြစ်လာမှတော့ ခြင်ထောင်တစ်လုံး အပို ရှိထားသင့်သည်။
သို့သော် အလုပ်အကိုင်နှင့် ဖြစ်ခဲ့သည်မှာ သုံးနှစ်ကျော်၊ မိန်းမ ရသည်မှာ နှစ်နှစ်ကျော်၊ ကလေး တစ်ယောက် အဖေ ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာခဲ့ သည့်တိုင် မောင်စိုးမိုးမှာ ခြင်ထောင် တစ်လုံး အပိုဆောင်၍ မထားနိုင်သေးပေ။ ဤသို့ ပြောသောကြောင့် လူကြား ကောင်းအောင် ဆင်းရဲ ဟန်ဆောင်သည်ဟု ထင်ပြီး ရယ်သူတို့က ရယ်ကြပေမည်။ အဘယ် အကြောင်းတို့ကြောင့် ခြင်ထောင်တစ်လုံး အပို မထားနိုင်ကြကြောင်းကို ရှင်းလင်း ပြရပေဦးမည်။

မောင်စိုးမိုးသည် လခ အတော်အတန် ရသော အစိုးရ အမှုထမ်းတစ်ဦး ဖြစ်သည်။သို့သော် သူ့လခလေးထဲမှ သုံးပုံတစ်ပုံ ကျော်ကျော်သည် ညီဖြစ်သူ၏ တက္ကသိုလ် ကျောင်းစရိတ် ဖြစ်သွားသည်။ အလုပ်ရလျှင် မိန်းမစောစော မယူသေးဘဲ ညီဖြစ်သူအား ဘွဲ့ရသည် အထိ ကျောင်းထား ပေးပါ့မည်ဟု အလကား ပါးစပ် အငြိမ်မနေဘဲ ကတိ ပေးထားခဲ့မိသကိုး။ သို့သော် အလုပ်ထဲ ရောက်၍ တစ်နှစ် အကြာတွင် မချောစုကို လက်ထပ် ယူလိုက်ခြင်းပင် ပြောထားသော စကားတစ်ဝက်ကို ဖျက်လိုက်ရာ ကျသွားလေသည်။

ထိုချိုး ဖောက်မိသော အပြစ်ကို ကာမိစေရန် ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့ပေးခြင်းအားဖြင့် ပြောစမှတ်ကြီး ဖြစ်နေမည့် ရာဇ၀င် အမည်းစက်ကို ဆေးဖြူသုတ်ရာ ရောက်သည် မဟုတ်လော။ စားကုန်ဈေးနှုန်းများ တစ်စစ ကြီးမြင့်လာသော အချိန် ကာလတွင် မောင်စိုးမိုး၏ ကျန်ရှိသော လစာသုံး ပုံနှစ်ပုံသည် မည်မျှအသုံးချွေတာသည် ဆိုစေကာမူ စားသောက်ကုန် ၀ယ်ယူရသည်နှင့်ပင် ကုန်သလောက် ဖြစ်သွားလေပြီ။ ကျန်ငွေကလေးများမှာ ဆေးပေါ့လိပ်ဖိုး၊ လက်ဖက်ရည် အချိုဖိုး၊ ၀တ္ထုစာအုပ်ဖိုး စသည့် အသေးသုံးလေးများ ဖြစ်သွားသည်။

ဘယ်ကလာ ငွေပိုပါ့မလဲ။ လက်ဖက်ရည် အချိုသောက်တာ ကိုးဟူ၍ စောဒက မတက် ကြစေလိုပါ။ မောင်စိုးမိုးသည် လက်ဖက်ရည် အချိုကလေးကိုမှ မသောက်ဘဲ ခြိုးခြံရမည် ဆိုပါလျှင် သူ၏ အင်ဂျင်နီယာ ဆိုသော ပညာကြီးကို ပြက်ရယ်ပြုရာ ကျပေလိမ့်မည်။ ထို့ကြောင့် ဦးနှောက်ကို ပူဇော်သော အားဖြင့် ရုံးသက်သာ ချောင်ချိရေး ဆိုင်မှ တစ်မတ်တန် လက်ဖက်ရည်ကို သောက်ရခြင်း ဖြစ်ပါသည်။

ပိုဆိုးသည်မှာ မြစ်ကြီး နားမြို့လို တစ်ပါး မြို့များထက် ဈေးကြီးတတ်သော ဒေသတွင် အစိုးရ အမှုထမ်း လာဖြစ်ရခြင်း ဖြစ်လေသည်။ မြစ်ကြီးနားသည် ရေလမ်း၊ ကားလမ်းအမည်ခံသာရှိပြီး တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်။ တစ်ခုတည်းသော အားထားရာ မီးရထားကလည်း အချိန်မမှန်။ သည်ကြားထဲက ကြက်တစ်ပိဿာဆယ့်ခြောက်ကျပ် ဆိုသည်လည်းရော့ ခရမ်းချဉ်သီး တစ်ပိဿာ ဆယ့်ငါးကျပ် ဆိုသည်လည်း ပေးဆိုပြီး အလွယ်တကူ ၀ယ်နိုင်စွမ်း ရှိသည့် ကျောက်စိမ်း အရောင်းအ၀ယ် သမားများလို ကျောက်ခဲဖြစ်မှ ငွေဖြစ်နေ သူများနှင့် ယှဉ်ပြိုင်ဝယ်ယူ စားသောက်နေရသော အခါ မောင်စိုးမိုး၏လခလေးမှာ သူ့ ဆရာ၏ မျက်နှာကို ကြည့်၍ လှိုက်ဖိုလှိုက်ဖို ဖြစ်နေရှာတော့သည်။

ကဲ ဒီလိုဆိုတော့ မောင်စိုးမိုး၏ အိမ်၌ ရှိနေသော အိမ်ထောင်သုံး ပစ္စည်းများကို ကြည့်မည်ဆိုလျှင် ဘယ်လို နည်းနှင့်မျှ ပြည့်စုံနေပါပြီဟု ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ဘယ်လိုလုပ် ပြည့်စုံပါမည် နည်း။ အိမ်ထောင်ကျပြီး ၀ယ် ထားသည့် ပစ္စည်းဟူ၍ မည်မည်ရရ ပြောလိုက်စရာ ဘာမှ မရှိသေး။
သမ၀ါယမ ဆိုင်ခွဲတမ်းကလည်း တစ်လ တစ်လလျှင် မွှေးဆပ်ပြာ တစ်ခဲ၊ ဆပ်ပြာခဲ တစ်တောင့်၊ ဆန်တစ်ယောက် နှစ်ပြည်၊ အပ်ချည်လုံး တစ်လုံး စသဖြင့်သာ ပြီးပြီး သွားတတ်သည်။ မိန်းမရပြီး အသင်း ၀င်သည်မှာ နှစ်နှစ်ကျော်ခဲ့လေပြီ။ မှတ်မှတ်ရရ အိမ်သုံး ပစ္စည်းဟူ၍ သံပန်းကန်ပြား တစ်ချပ်နှင့် လက်ဖက်ရည် အချို ပန်းကန် တစ်စုံရခဲ့ဖူးသည်။ အချိုပန်းကန် တစ်စုံဆို၍ မောင်စိုးမိုး တော်တော်လေး ၀မ်းမြောက်သွားသည်။ အပြင်တွင် ဈေးကြီးလွန်း၍ မောင်စိုးမိုးတို့ အိမ်တွင် ဖန်ခွက် ထူကြီးများနှင့် သောက်နေရသည်မို့ လက်ဖက်ရည် အချိုပန်းကန် ရချင်နေသည်နှင့် အတော်ပင် ဖြစ်သွားသည်။ သို့သော် ဆိုင်သွား ထုတ်တော့ သူထင်သလို ငါးလုံးတစ်စုံ မဟုတ်ဘဲ အလုံးတစ်လုံး အပြား တစ်ချပ် တစ်စုံသာ ရခဲ့လေရာ မသုံးရက်တော့၍ ကြောင်အိမ်ထဲ ထည့်ပြီး အလှကြည့်နေလိုက်ရတော့သည်။

ထို့ကြောင့် တစ်အိမ်လုံးရှိ ပစ္စည်းများသည် မိဘပိုင် ပစ္စည်းများသာ များလေသည်။ အိုး၊ခွက်၊ ပန်းကန်၊ ဇွန်း၊ ချိုင့်၊ ဓား၊ ဓာတ်ဘူး၊ ခေါင်းအုံး၊ အိပ်ရာခင်း၊ ဖျာအားလုံးသည် သားသမီးတို့၏ မွေးရာပါ အခွင့်အရေး အရ တစ်ခုပြီး တစ်ခု ယူယူ လာခဲ့ခြင်းဖြင့် တစ်အိမ်ထောင် ဖြစ်နေရသည်။ မောင်စိုးမိုး၏ အမေကလည်း သားဖြစ်သူ၏ အိမ်သို့ ရောက်လာလျှင် သူပေးလိုက်သော ပစ္စည်းများချည်း တွေ့တွေ့နေရသောကြောင့် “အင်း သုံးနှစ်အတွင်း ငါ့သား ကိုယ်ပိုင် စုမိတာကတော့ ကလေး တစ်ယောက်ပဲ မည်မည်ရ ရရှိတယ်”ဟု မောင်စိုးမိုးအား ချီးကျူးနေပေသေးသည်။

မောင်စိုးမိုး၏ အမေပြောမည်ဆိုက ပြောစရာပင်၊ ယခု လက်ရှိ အသုံးပြုနေသော မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်းသော ခြင်ထောင်ကြီးမှာ မောင်စိုးမိုး အိမ်ထောင်ကျခါစတွင် သူ့ အမေ လှမ်းပို့ထားခြင်း ဖြစ်သည်။ ထိုခြင်ထောင်ကြီး မရောက် လာခင်ကမူ ကျောင်းသားဘ၀ထဲက သုံးလာခဲ့သော တစ်ယောက် အိပ်ခြင်ထောင်လေးနှင့်သာ မောင်စိုးမိုးတို့ လင်မယား အိပ်ကြရသည်။ ရလည်းရခါစ၊ ဆောင်းရာသီလည်း ဆောင်းရာသီ ဖြစ်နေ၍ တစ်ယောက်အိပ် ခြင်ထောင်ကလေးကပင် ပိုမိုအဆင်ပြေ စေ သေးသည်။

နောက်များ မကြာမီ နွေရာသီ ရောက်လာပြီး ရာသီဥတု ပူလာသည်။ မောင်စိုးမိုး၏ ဇနီးချောလေးပါ ရာသီဥတုနှင့် ထပ်တူ ဖြစ်သွားပြီး လင်မယား ခပ်ခွာခွလေး နေကြရသည်။ ပူအိုက်သော ရာသီတွင် ယခု အသုံးပြုဆဲဖြစ်သော နှစ်ယောက်အိပ်ခြင် ထောင်ကြီးကို မောင်စိုးမိုး၏ အမေက ချုပ်၍ ပို့လိုက်ခြင်း ဖြစ်သည်။မောင်စိုးမိုး အမေတို့ မြို့သမယ၀ါယမ ဆိုင်မှ ၀ယ်ခွင့် ရစဉ်က ပိတ်ပါ တစ်ခါတည်း ၀ယ်မရခဲ့လေ၍ ခြင်ထောင်ဇာကို အိုစာ မင်းစာ သိမ်းထားရစဉ် သားဖြစ်သူ အတွက် အသုံးလိုလာပြီ ဖြစ်သောကြောင့်သာ အိမ်ရှိ မသုံးတော့ပြီ ဖြစ်သော ပိတ်ခြင်ထောင် ဟောင်းကြီးမှ ဖြုတ်ယူ၍ ရသမျှ ပိတ်တို့ကို အမိုးနှင့် အနားဆွဲ ပိတ်အဖြစ် ကြံဖန် စပ်ဟပ်၍ ချုပ်လိုက်ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နဂိုကပင် ယိသလိုလို ဖြစ်နေသော အနားဆွဲ ပိတ်များသည် မောင်စိုးမိုး သားတစ်ယောက် ရလာပြီး နှစ်ယောက် အိပ်ခြင်ထောင် ဘ၀မှ အနံအလျား ထူးခြား မပြောင်းလဲဘဲ သုံးယောက် အိပ်ခြင်ထောင်ကြီးဟု ရာထူး တစ်ဆင့် တက်လာရသည့် အခါတွင် အနည်းငယ် စုတ်တတ်လာသည်။

သို့သော် အထက်က တင်ပြခဲ့သော အကြောင်း အကြောင်းတို့ကြောင့်ပင် ခြင်ထောင် အသစ်တစ်လုံး မ၀ယ်နိုင်သေးရာ မောင်စိုးမိုးတို့ အိမ်၏ တစ်လုံးတည်း သော အတုမရှိ ခြင်ထောင်ကြီး ဟူသော ဂုဏ်ကို ဆက်လက် ထိန်းသိမ်း ထားဆဲပင် ဖြစ်သည်။ သို့သော် တစ်ခု ထူးခြား သည်ကား အရင်နှစ်များကလို ဆပ်ပြာမှုန့် ဖွေးဖွေးလေးများနှင့် ပွတ်၍ အလျှော် မခံရတော့ခြင်းပင် ဖြစ်သည်။ ယခု တလော၌ ခြင်ထောင်ကြီး ညစ်ပတ်သည့် အခါများတွင် ဆင်ချေးတုံး ဆပ်ပြာခဲ မည်းမည်းကြီးများနှင့် တအား ပွတ်တိုက်ပြီး အ၀တ်ဖွပ် တုတ်ဖြင့် နာနာ အဆော် ခံနေရသည်။ အိုကြီး အိုမ ဘ၀ရောက်မှ ကုသိုလ်ကံ မကောင်းဘဲကိုး။ ဆပ်ပြာရှား သည့်ကာလမှ ဘာကြောင့် ခြင်ထောင် လာဖြစ်သေးလဲ။

အပိုင်း ၂ ဆက်ရန်

လွမ်းရပါသော ပြည်

Sunday, March 7, 2010
" အောင်မယ် လွမ်းရပါသော ပြည်တဲ့....။ မင်းက ငါ့ကိုလွမ်းတယ် ဟုတ်လား....။ မင်းက ငါ့ရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာရော ဟုတ်လို့လား...။ မင်းကို ငါမမြင်ဖူးပါဘူး....။ " လို့ ပြည်မြို့ကြီး က ပြန်ဖြေတယ်ဗျာ......။
ဟုတ်ကဲ့ ကျနော်က ခင်ဗျားရင်ခွင်မှာ မွေးဖွားကြီးပြင်းခဲ့တာပါဗျာ....။ ကျနော် ပြည်သားပါဗျ....။ ခင်ဗျားရင်ခွင်ကို အုပ်ချုပ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်းတိုင်း တိုင်းရုံး ဆိုတာ အရင်က ပြည်မြို့ဆေးရုံကြီးလေဗျာ....။ အဲဒီမှာ ကျနော့်အမေက ကျနော်ကို့ မွေးဖွားခဲ့တာဗျ.....။ နောက်ပြီးတော့ ခင်ဗျားရင်ခွင်က ပညာတတ်တွေ မွေးထုတ်ပေးနေပါတယ်ဆိုတဲ့ နေရာဖြစ်တဲ့ ပြည်တက္ကသိုလ် ဆိုတာ အရင်က ပြည်ကောလိပ် ပါဗျာ....။ ပြည်တက္ကသိုလ် က အဝေးသင်ဌာန ဆိုတာ ကျနော် ငယ်စဉ်က တက်ခဲ့တဲ့ တရုတ်စု မူလတန်းကျောင်းပေါ့ဗျာ.....။ ကျနော်က ခင်ဗျားရင်ခွင်မှာ အထက်တန်းကျောင်းသားဘ၀ အထိပဲ ခိုလှုံခဲ့ဖူးတာဆိုတော့ ခင်ဗျားက ကျနော့်ကို မမြင်ဖူးဘူးပေါ့ဗျာ.....။

'' မိခင်တယောက်၏ မှာတမ်း နှင့် သားတယောက်၏ ရင်ဖွင့်သံ ''

သားရေ
သား အိမ်ကို သတိရတဲ့ အခါကျရင် အလွမ်းပြေဖတ်ဖို့ အမေ့လက်ရေးလေးတွေပါတဲ့ ဒီစာနဲ့ အတူ အမေ့ဓာတ်ပုံကိုပါ သား နဲ့အတူ အမြဲတမ်းရှိနေမယ့်သားရဲ့ ပိုက်ဆံအိတ်လေးထဲ မှာ အမေ ထည့်ပေးလိုက်တယ်.....။
အမေ့သားက နိုင်ငံရပ်ခြားမှာ ပညာသွားသင်ရမယ့်သူဆိုတော့ အမေ့အနေနဲ့ အထူးမှာချင်တာကတော့......
ဘယ်နေရာရောက်ရောက် ဘုရား တရား သံဃာ ဆိုတဲ့ ရတနာ ၃ ပါး ကိုတော့ မမေ့နဲ့ပေါ့....
ဂုဏ်တော် ကိုးပါးနဲ့ သံဗုဒ္ဓေ ဂါထာကိုလဲ အချိန်ရတိုင်းရွတ်ပေါ့ မေတ္တာသုတ်တော် လဲ ပွားပေါ့.....
နောက်ပြီးတော့ ၇ ရက် ဂြိုလ်မင်းကြီးတွေကိုလဲ မေတ္တာပို့ပေါ့...

ကောင်လေးတယောက်ဧ။် ဖွင့်ဟ၀င်ခံချက်

၁။
သူ ....
အချစ်ဆိုတာ တကယ်တော့ သူ့အနေနဲ့ သိနှင့်ပြီးသားပါ။...
သူ့ကို လေးစား၍ တန်ဖိုးထား မြတ်နိုးနေမည့် ချစ်သူ တစ်ယောက်ကို လိုနေအပ်သည်မှာ အမှန်ပင် ဖြစ်၏။ စိတ်ကူးထဲကလည်း ရှာဖွေနေမိ၏။
ဒါပေမယ့် သူ သည် အတ္တမကြီးခဲ့ပေ။
သို့သော် မာနတော့ ကြီးဖြစ်ခဲ့သည်။
ဂျစ်ကန်ကန်နိုင်သကဲ့သို့ တခါမှလည်း အရာရာကိုလေးလေးနက်နက် မတွေးခေါ်ဖြစ်ခဲ့။
ဘာပဲလုပ်လုပ်သေသေချာချာ မစဉ်းစားဖြစ်သည်က များသည်။
ထိုကဲ့သို့ လေးနက်မှု ဆိုတာ ဗလာနိတ္ထိဖြစ်နေသည့် သူ၏ ဘ၀ ထဲသို့ ...အရာရာကိုလေးလေး နက်နက်  တွေးတတ်သော.... ချစ်သူကို တန်ဖိုးထား မြတ်နိုးတတ်သော  သူမ ဆိုသည့် ကောင်မလေးတယောက်ဝင်ရောက် လာသောအခါတွင်......................

အိမ်သစ်ဖွင့်ပွဲလေး

Wednesday, February 24, 2010
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။
အိမ် ဆိုတဲ့ စကားလုံးလေးကို ရေရွတ်မိတဲ့ အချိန်တိုင်း မှာ လုံခြုံခြင်း၊ နွေးထွေးခြင်း၊ အေးမြခြင်း ဆိုတဲ့ ခံစားမှုလေးတွေကို လူတိုင်း လူတိုင်း ခံစားမိကြမယ် ထင်ပါတယ်။
အခုလုပ်တဲ့ ပွဲလေးကတော့ ကျနော် နိုင်လင်းသူရိန် ရဲ့ နှလုံးသားစီးချင်း ဆိုတဲ့ အိမ်သစ်ဖွင့်ပွဲလေးပါ။ 
နိုင်လင်းသူရိန် ရဲ့ အိမ်သစ်ဖွင့်ပွဲလေးကို လာရောက် အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။
အလည်လာရောက်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းတို့ နှစ်သက်ရာ နေရာမှာ ထိုင်ကြပါခင်ဗျာ။ အားနားခြင်း အလျဉ်း ကင်းကြပါစေ။


  မြန်မာထမင်းဟင်းလေးပါ

 

  


လက်ဖက်သုပ် နဲ့ ရေနွေးချမ်းပါ သုံးဆောင်ကြပါဦး

 

  


ဒါလေးကတော့ သစ်သီးစုံ အချိုပွဲလေးပါ




အားလုံးကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်
နိုင်လင်းသူရိန်

ဖလော်များ

Monday, February 22, 2010
ဖလော် ၀မ်း
ဖူးစာပါ လို့ ဆုံကြတယ် ဆိုပေမယ့် ဆုံဆည်းမှုတွေ ဖြစ်အောင် ဖန်တီးခဲ့တာမဟုတ်ဘူး ဆိုတာကိုတော့ ကြိုတင်ဝန်ခံပါတယ်။

ဖလော် တူး
အချစ်မှာ မျက်စိမရှိဘူးတဲ့။ ချစ်လွန်းအားကြီးသွားရင် မျက်စိကန်းတဲ့လူလို ဖြစ်သွားတတ်ပါတယ်။ ဒီ ဘ၀မှာတော့ သူ့ကို သိပ်ချစ်လို့ ဘ၀မှာ အကြိမ်ကြိမ် ကန်းခဲ့ရပါတယ်။

ဖလော် သရီး
ချစ်တတ်အောင် ကြိုးစားနေတဲ့သူတွေဟာ ကြာလေကြာလေ အချစ်ငတ်လာလေပါပဲ။ အချစ်ဆိုတာ အချိန်ယူလေ့လာရမယ့် ဘာသာရပ်တခုမှ မဟုတ်ဘဲလေ။

ဖလော် ဖိုး
နှလုံးသား ရပ်ဝန်းမှာ အချစ်မိုးတွေ ရွာနေတယ်။ မိုးကောင်းပေမယ့် မပျော်နိုင်ဘူး။ ရွာမယ်ဆိုတာ ကြိုမသိလိုက်လို့လေ။ ဒီလိုမှန်းသိရင် အစကတည်း တိမ်ညိုတွေကို ခဲနဲ့ပေါက်ခဲ့တာပေါ့။

ပထမဆုံး ရင်ခုန်သံစီးချင်း

ကျနော် စပြီး စာရေးဖြစ်ခဲ့တာက အမ်တီယူ ကျောင်းသားဘ၀မှာပါ။ ကျနော် စာရေးမည်လို့လည်း ရည်ရွယ်ချက်မရှိခဲ့ပါ။ မှတ်မှတ်ရရ ပထမဆုံး စရေးဖြစ်တဲ့ ၀တ္ထုတိုနာမည် က ခြေမရေးတဲ့ ဖူးစာ တဲ့။

ဇာတ်ကောင် နာမည်ကို ကျနော်ပေးထားတာက စွမ်းနိုင်လွန်း လို့လေ။ ကောင်မလေးနာမည် က အိမ့်မြတ်ချယ် တဲ့လေ။ ဇာတ်လမ်းကို ရန်ကုန် က ကားတိုးစီးရတဲ့ ဘ၀လေးနဲ့ နိဒါန်းပျိုးထားတယ်။ တနေ့မှာ ကျနော့်ရဲ့ ဇာတ်ကောင် ၂ ယောက်က ကားတိုးစီးတယ်။ ဖြစ်ချင်တော့ ကားက လူကြပ်တာရယ်၊ ကောင်မလေးက ဒေါက်မြင့်ဖိနပ် စီးမိတဲ့ နေ့ရယ် က ကွက်တိဖြစ်သွားတယ်။ လူကြပ်တော့ ကောင်မလေး စီးလာတဲ့ ဒေါက်မြင့်ဖိနပ်က စွမ်းနိုင်လွန်း ရဲ့ ခြေမကို တက်နင်းမိသွားတယ်။ ကျနော့် ဇာတ်လိုက်က ငေါက်မယ်လဲလုပ်ရော ကောင်မလေးက တောင်းပန်တာက တကြောင်း၊ ချောတာက တကြောင်းကြောင့် စိတ်လျော့ပြီး ခင်မင်မှု ရအောင်ယူပြီး ဖေဖော်ဝါရီ ၁၄ မှာ ၁၅၀၀ ဆေး တိုက်ကျွေးလို့ ရည်းစားတွေ ဖြစ်သွားတယ်ပေါ့ဗျာ။

ခေတ်သစ် မောင်သစ္စာ

စိတ်ကူးပေါက်လို့ ယခင်က ရေးထားတာလေးကို ပြန်ဖတ်ရင်း အစအဆုံး ပေါင်းလိုက်တာပါ။
လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။

ခေတ်သစ် မောင်သစ္စာ

ဇာတ်လမ်း၏ နိဒါန်းအစမှာကား ကိုသစ္စာ တယောက် ရုရှားကို ပညာတော်သင် သွားဖို့ရန် အရွေးခံရခြင်းက ပဲ စတယ်ဆိုပါတော့လေ။

အပိုင်း ၁

- ဟော မောင်သစ္စာ မင်းရွာကို ပြန်လာတယ် ဟုတ်လား။
- ဟုတ်တယ် ဘကြီးမှုံ ကျနော် ရုရှားကို ပညာတော်သင် အရွေးခံရတယ် ဆိုတာ ဘကြီးမှုံကို လာအကြောင်းကြားရင်း နဲ့ ထွေးညိုကို လာနှုတ်ဆက်တာ။
- ဟေ ရုရှားကို ပညာတော်သင် အရွေးခံရတယ် ဟုတ်လား မောင်သစ္စာ။
- ဟုတ်တယ် ဘကြီးမှုံ။
- အေးကွယ် ၀မ်းသာပါတယ် မောင်သစ္စာ...။ မင်းအနေနဲ့ မင်းဘ၀ တိုးတက်ဖို့ ရုရှားကို သွားကို သွားရမယ်၊ သွားလည်း သွားသင့်တယ်လို့ ထင်တယ် မောင်သစ္စာ...။
- ကဲကဲ ခန နားပြီး ထွေးညိုနဲ့ သွား အလွမ်းသယ်လိုက်ဦး မောင်သစ္စာရေ...။

**********************************

စုတ်ချက်ကြမ်း တို့၏ နောက်ကွယ်မှာ

အပြင်ပမ်းကြည့်ရင် ကောင်းမွန်သည့် ပန်းချီကား တချပ်လို့ ထင်ရပေမယ့် စုတ်ချက်တွေ ကြမ်းနေတာကိုတော့ ဘယ်သူမှ မသိနိုင်ပါ။ ထိုသဘောမျိုးပဲ ချစ်သူ ရည်းစား ဘ၀နဲ့ အိမ်ထောင်သည် ဘ၀ ကို နှိုင်းယှဉ်ကြည့်လိုက်တော့ အိမ်ထောင်သည်ဘ၀ ဟာ စုတ်ချက်ကြမ်းတွေနဲ့ တူသွားတယ်။ အဲ နောက်ကွယ်မှာ ဘာဖြစ်မလဲ ဆိုတာကတော့။

အပိုင်း ၁

- အကို.........
- ဟင်..........
- ဖွေး ကို ချစ်လားဟင်။
- ချစ်တာပေါ့ ဖွေးရယ်။
- ဒါဆို ဘယ်လောက်ချစ်တယ် ဆိုတာ ပြော ပြ ။
- အကို ဖွေးကို ချစ်တဲ့အကြောင်းတွေကို စီကာပတ်ကုံးပြောပြရမယ် ဆိုရင် တသက်လုံးပြောတောင် ကုန်နိုင်မယ် မထင် ဘူး ဖွေးရယ်။ အခုတော့ အကို ဖွေးကို ကဗျာ တပုဒ် ရွတ်ပြမယ်နော်။ ဖွေး နားထောင်မယ် မလား။
- အင်း နားထောင်မယ်လေ။

ဖိုးလမင်းကြီးရေ ........ ရွှေလင်ဘန်းနဲ့ပေးပါဗျိုး

29/12/2009 ရုရှား စံတော်ချိန် ၃ နာရီ ၂၅ မိနစ်၊ မြန်မာစံတော်ချိန် ၆ နာရီ ၅၅ မိနစ်။ ။

အိပ်မည်ဟူသော ဆုံးဖြတ်ချက်နှင့်အတူ ခုတင်ပေါ် လဲလျောင်းမိသည်။ မျက်နှာပေါ်သို့ အခန်း ပြတင်း တံခါးမှနေ၍ ထူးခြားသည့် အလင်းတစ်ခု ကျရောက်လာလေသည်။ ဟော ကောင်းကင်မှာ လ သာ နေပါလား။ လဆန်း လေလား၊ လဆုတ် လေလားတော့ မသိတော့ပြီ။ လပြည့်ည မဟုတ်တာတော့ သေချာသည်။

ကောင်းကင်မှာ လသာတာ မထူးခြားပေမယ့်၊ ရုရှားမှာ ညအခါ လ ရောင် ကို မြင်ရသည်မှာတော့ ထူးခြားနေပေသည်။ လ သာလို့လေလား မသိ အိပ်လို့လည်း မပျော်နိုင်သေးပေ။ ကောင်းကင်က လ ရောင်ကြောင့် မောင်စကိုမြို့ တခုလုံး လင်းထိန်နေသလား ထင်မှတ်မှားရပါတယ်။

ကျနော်နှင့် သက္ကရာဇ် နှစ်ထောင့်တစ်ဆယ်....

၂၀၁၀ ခုနှစ်သည် နှစ်ဆယ့်တစ် ရာစု၏ ပထမဆုံး ဆယ်စုပိုင်းတစ်ပိုင်း ၏ နောက်ဆုံးနှစ် ဖြစ်သည်...။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မှာတော့ HAPPY NEW YEAR ဟူ၍ ဟစ်အော်ကာ ၂၀၁၀ ခုနှစ်ကို ကြိုဆိုကြပေဦးတော့မည်....။
၂၀၁၀ ခုနှစ် ဆိုတာကို မပြောခင်၊ မတွေးခင်၊ မကြိုခင်မှာ ကျနော်တို့ ၂၀၀၉ ခုနှစ် အကြောင်းကို အရင်ပြောကြည့်ပါဦးစို့...။
၂၀၀၉ ခုနှစ်မှာ ကျနော်တို့ ဘာတွေ လုပ်ဖြစ်ခဲ့သနည်း...။

နှင်း အကြွေကောက်တဲ့လက်

အပိုင်း (၁)

ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဖေါ်တယ်... ငွေနှင်းဖြူက သန့်စင်တယ်လို့ အဓိပ္ပါယ် ယူရင်ကွယ်...။
ချစ်သူကကွယ် ဆောင်းနှယ်အေး၍ နှင်းလို ဖြူတယ်... ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူ ပါပဲ ကွယ်....။


အပိုင်း (၂)

မောင်
နှင်း ဒီစာကို မရေးမဖြစ်လို့ ရေးလိုက်တယ်မောင်...။ နှင်း လည်း မောင့်ကို အရမ်းသတိရပါတယ်...။
ဒါပေမယ့် နှင်း မှာ မောင့်ကို ၀န်ခံစရာ ရှိနေတယ်မောင်...။ နှင်း နဲ့အတူ နိုင်ငံခြားကို အတူတူ သွားရတဲ့ ကိုသော်တာ ကို သိလားမောင်...။ အဲဒီလူ က နှင်းကို အစစ အရာရာ အကူအညီပေးတယ်မောင်...။

အပြုံးတစ်ပွင့်ရဲ့ ဒဏ္ဌာရီ....

အပိုင်း (၁)
အတိတ်က ဖြစ်ပျက်ခဲ့မြင်ကွင်းတချို့ဟာ ကြည့်နေစဉ်အတွင်းမှာပဲ အလိုလိုေ၀၀ါးသွားခဲ့တယ်.....
သူ့စိတ်ကို တဖန်စေခိုင်းပြီး အတိတ်က မြင်ကွင်းတချို့ကို တူးဆွကြည့်ခဲ့မိတယ်......
ပိုလို့တောင်ေ၀၀ါးသွားခဲ့ပြန်ပါတယ်.....
ခံစားမှုဟာ အမြင့်ဆုံး အခြေအနေမှာ..... ရင်ထဲမှာ တဆစ်ဆစ်နဲ့ အပူတွေသာ...... ဘာတွေလဲ.... ဘာဖြစ်နေတာလဲ.....
ကိုကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး.....။
အဖြစ်အပျက်တွေက အတိတ်ကဆိုပေမယ့်လည်း သူ့နောက်ကို အရိပ်လို လိုက်နေတယ်....။ အတိတ်ကို ကြိတ်မှိတ်ဖြေဖျောက်ခဲ့ပေမယ့် ပစ္စုပ္ပန်မှာ အရိပ်ဆိုးလို ကပ်ငြိနေတယ်.....။
သူ ကောင်မလေးကို သိပ်ချစ်ခဲ့ပါတယ်.....။ ချစ်ခဲ့လို့လည်း ခုလိုခံစားနေရတာပေါ့.......။
ကောင်မလေးကို သူက အမြတ်တနိုးနဲ့ ငယ်ငယ် လို့ပဲ ခေါ်တယ်....။ ကောင်မလေး ကိုယ်တိုင်ကလဲ သူမကိုယ်သူမ ငယ်ငယ် လို့ပဲ သုံးပြီး စကားပြောလေ့ရှိတာကိုး.....။ ကောင်မလေးက ငယ်ငယ် ဆိုတဲ့နာမည်နဲ့လိုက်အောင်ကို ငယ်ငယ်ရွယ်ရွယ် နဲ့လှသွေးကြွယ်ခဲ့တယ်လေ.....။

လက်ယက်ခေါ်နေကြသူများ...

အောက်ဖေါ်ပြပါ အရာများသည် ကျနော်တို့ယောင်္ကျားလေးများကို '' လာပါ လာပါ '' အသံဆာဆာဖြင့် လက်ယက်ခေါ်နေကြလေသည်....။ ဆွဲဆောင်မှုက အမျိုးမျိုး၊ ကြေငြာပုံ က အဖုံဖုံ နည်းမျိုးစုံ ဖြင့်ပေါ့လေ...။
ထို့ကြောင့် '' လက်ယက်ခေါ်နေကြသူများ '' အမည်ရှိ ပို့စ်လေးကို ခံစားရေးသားလိုက်ရပါသည်......။
 

Browse